အပိုင်း ၁၁၇ (ဟင်းသီးဟင်းရွက်များကြောင့် ရန်ဖြစ်ကြခြင်း)

3.3K 411 0
                                    

[Zawgyi]

"နပေါဦး"

ကျိန်ရှုံစာသောက်ဆိုင်က အလုပ်သမားက ခြင်းကို မဖို့လုပ်နေတာမို့ အိမ်တော်ထိန်းယောင်က အထိတ်တလန့်ဖြစ်သွားပြီး အကျယ်ကြီး အော်လိုက်တယ်။
"အရင်ရောက်သူ အရင်ယူကြေး ဆိုတဲ့ စည်းမျဉ်းမကြားဖူးဘူးလား ငါဒီဟင်းသီးဟင်းရွက်တွေ ယူမယ်လို့ ပြောထားပြီးသား! မိန်းကလေးရော့ ပိုက်ဆံယူလိုက် မလောက်ရင် ငါ့ကိုလာရှာလှည့်"

သူမလက်မခံမှာကို စိုးတာကြောင့် အိမ်တော်ထိန်းယောင်က ရှောင်ချောင်းလက်ထဲကို ပိုက်ဆံအိတ်ကြီး အတင်း ထိုးထည့်နေတော့တယ်။ ရှောင်ချောင်းက လက်ထဲက အိတ်ရဲ့အလေးချိန်ကိုသိသွားတော့ ရီရမလာငိုရမလားကိုမသိ။ အထဲမှာ အနည်းဆုံး လျန်၂၀ ၃၀လောက် ရှိနိုင်သည်။ သူမတို့ဆီက ဈေးအကြီးဆုံး ဆလတ်ရွက်ကတောင် တစ်ကျင်းကို ကြေးပြား၂၅ပြားပဲ ကျတာလေ။ လျန်၂၀ ၃၀ နဲ့ဆို ဆလတ်ရွက် ကျင်းထောင်ချီ ဝယ်လို့ ရတယ်။ ခြင်းထဲက ဟင်းသီးဟင်းရွက် အကုန်ပေါင်းမှ ကျင်း ၄၀၀ ၅၀၀ပဲရှိတာ ဘယ်လိုလုပ် အဲ့လောက်ကြီး ကျမတဲ့လဲ...

သူတို့စားသောက်ဆိုင်အတွက် ချန်းရှောင်သောကလည်း ဒီအခွင့်အရေးကို လုံးဝ အလျော့မပေး။ သူကခြင်းကိုပြန်မချပဲ ပြောလိုက်တယ်
"အိမ်တော်ထိန်းယောင် ထန်ကူမြို့မှာ ဖိအားပေးပြီး ရောင်းဝယ်တာကို တားမြစ်ထားတဲ့ စည်းမျဉ်းနဲ့ အမိန့်ရှိပြီသား။ မိန်းကလေးယွီက ခင်များကိုရောင်းမယ်လို့ မပြောရသေးဆိုတော့ ပိုက်ဆံ အတင်းထိုးပေးနေလည်း အသုံးမဝင်ဘူး"

အိမ်တော်ထိန်းယောင်က ဒေါသထွက်လွန်းလို့ သူ့မုတ်ဆိတ်မွေးတွေတောင် ကွေးကုန်တော့မလိုပဲ။
သူက ချန်းရှောင်သောကို လက်ညိုးထိုးပြီး အော်ဟစ်တော့တယ်
"ဘယ်သူက ဖိအားပေးပြီး ရောင်းဝယ်နေလို့လဲ ငါဟင်းသီးဟင်းရွက်ဝယ်ချင်နေတဲ့အချိန် ဒီကလေးမလေးကလည်း ဟင်းသီးဟင်းရွက်ရောင်းနေတာလေ ဒီလောက်မျှတနေတဲ့ အပေးအယူကို။ တရားရုံးသွားရင်တောင် ငါက မှန်ကန်တဲ့ဘက်မှာပဲ ကျိုးမိသားစုနဲ့ ကျိန်ရှုံစားသောက်ဆိုင် နောက်ခံရှိတယ်ဆိုပြီး စကားလုံးအနည်းငယ်နဲ့ အဖြူကနေ အမည်း ပြောင်းဖို့ မကြိုးစားနဲ့ကွ"

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now