အပိုင်း ၁၃၁ ( မနက်စာ )

3.2K 420 2
                                    

[Zawgyi]

အပိုင်း ၁၃၁ ( မနက်စာ )

အရင်ဆုံး ရှောင်ချောင်းက ဆား၊ ငရုတ်ပွင့် နှင့် စမုန်စပါးတို့ကို လှော်လိုက်တယ်။ ပြီးနောက် ရေထည့်ပြီး ဘဲသားတွေကို လှော်ထားတဲ့ ဆားနဲ့နယ်ပြီး နှစ်နာရီလောက်ထားလိုက်တယ်။ အဲ့ဒီအချိန်မှာပဲ အသားနှပ် အနှစ်တွေကို အပူပေးကာ ဆားနယ်ထားတဲ့ ဘဲသားတွေကို ထိုအနှစ်ထဲစိမ်ပြီး နောက်ထပ် နှစ်နာရီကြာအောင် ထပ်ထားလိုက်တယ်။ နောက်ဆုံးအဆင့်ကတော့ချက်ပြုတ်ပြီး အေးလာတဲ့ထိ စောင့်ရန်ဖြစ်သည်။ အချိန်သာ လောက်မယ်ဆို ဆားနယ်တာနဲ့ အနှစ်ထဲစိမ်တာကို နှစ်ခါလောက် လုပ်သင့်တယ် !

ရှောင်ချောင်းနဲ့ အကြီးဆုံးအရီးတို့ အစားအသောက်တွေ ပြင်ဆင်ရင်း အလုပ်ရှုပ်နေချိန် အကြီးဆုံးဘကြီးရဲ့ ရှစ်နှစ်အရွယ် မြေးလေးက တံခါးကို ဖြတ်ကာ အမောတကော ပြေးလာရင်း အော်ပြောသည်။

" ရှောင်ချောင်း! ဒုတိယဦးလေး(ယွီဟိုင်)ပြောတာ နင့်ဦးလေးတွေ မနက်စာ မစားရသေးဘူးတဲ့... အဲ့တာ သူတို့ကို ရှိတာလေးနဲ့ မနက်စာကျွေးဖို့ပဲ အရင်လုပ်လိုက်ပါလား... ပိုသားသားနားနားဖြစ်တဲ့ ဟင်းလျာတွေကိုက ညနေမှစားလို့ရတာပဲ!"

" ယွီကျိုး, နင် ငါ့ကို ဘယ်လိုတောင် ရှောင်ချောင်းလို့ခေါ်ရဲတာလဲ။ ငါ နင့်ထက် အသက်ကြီးတယ်နော်... ငါ့ကို အမလို့ ခေါ်သင့်တယ် "
ရှောင်ချောင်းက ကလေးလေးရဲ့ နဖူးကို ခပ်ဖွဖွ ခေါက်ရင်း ဆိုလိုက်သည်။ ယွီကျိုးဆိုတာ အကြီးဆုံး ဘကြီးတို့မိသားစုက အကြီးဆုံးဦးလေးရဲ့ သားပင်။ သူ့ပုံစံက ကြံ့ခိုင်ပြီး ရိုးသားတဲ့ပုံလေးဖြစ်ပြီး အရမ်းကို ချစ်ဖို့ကောင်းသည်။

ယွီကျိုးက ရှောင်ချောင်းစကားကြောင့် ပြောင်ချော်ချော်ပုံလေးနှင့်
" နင်က ငါ့ထက် နှစ်လ ကျော်ကျော်လေးပဲ ကြီးတာကြီးကို... ဟုတ်ဘူးလား။ နောက်ပြီး ကြည့်ပါဦး အခုဆို ငါကနင့်ထက်တောင် အရပ်ပိုရှည်နေပြီ... နင့်ကို အမ လို့ခေါ်ရမှာ ရှက်စရာကြီး"

" တစ်ရက်ကလေးပဲ ကြီးရင်တောင် အကြီးက အကြီးပဲလေ... အဲ့တော့ နင်ငါ့ကို အမလို့ ခေါ်မှ ရမယ်! ခေါ်မှာလား မခေါ်ဘူးလား။ မခေါ်ရင် ငါ အကြီးဆုံး ဘကြီးနဲ့ သွားတိုင်လိုက်မှာနော် "
ရှောင်ချောင်းက ယွီကျိုးကို ရည်ရွယ်ချက်ရှိရှိနဲ့ စလိုက်သည် ။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now