
2.7K 390 3
                                    

[Unicode]

အပိုင်း-၁၇၂( ခမ်းနားသော ဖွင့်ပွဲ )

အကြီးဆုံး သခင်မလေးကျွမ်းက သူငယ်ချင်းဖြစ်သူကို မဲ့ကာရွဲ့ကာနဲ့ မျက်လုံးလှန်ပြလိုက်တယ်။ ထပ်ပြီး ရွေးချယ်ခွင့်သာရမယ်ဆိုရင် ဒီလူနဲ့ သိဖို့ လုပ်မိမှာမဟုတ်ဘူး။ သူမက တကယ့်ကို ရှက်ဖွယ်ပဲ! သူမရဲ့ ကိုယ်ပိုင်အဆင့်အတန်းက သူမကြောင့် ဆွဲချခံလိုက်ရတာတောင်မှလေ!! ဒါပေမဲ့ သူမလည်း ဖရဲသီးကို အသွေးထဲ အသားထဲကနေ ငမ်းငမ်းတက် လိုချင်နေတာကိုတော့ ဝန်မခံချင်ဘူး။

ဆိုင်ရှင်ဖန်းက စီးပွားရေးလုပ်လာတာ အံတိုနေပြီဆိုတော့ သူမရဲ့ စျေးဝယ်တွေ ဘာစဉ်းစားနေမှန်း သိတယ်။ သူမ အကဲခတ်မိသလောက် မိန်းကလေးကျွမ်းက ထိန်းထားပေမယ့် သူမက အသီးပန်းကန်ကို ချောင်းချောင်းကြည့်နေတယ်။ တစ်ဖက်က သခင်မလေးဝမ်ကလည်း ဖရဲသီးအပေါ် အာရုံစိုက်မှု လျော့မသွားပေ။ သူမပုံစံက စားချင်နေပေမယ့် လက်ခံဖို့ ရှက်နေတဲ့ပုံမျိုး ဖြစ်နေတယ်။

သူမက လင်ဗန်းကို နားလည်စွာ ယူလိုက်ပြီး ရှေ့က သိမ်မွေ့ထက်မြက်တဲ့ ကလေးမလေးကို ပြုံးပြလိုက်ရင်း
ကျေးဇူးအများကြီးတင်ပါတယ်! မင်း မျိုးရိုးနာမည် ဘယ်လိုခေါ်လဲ သိလို့ရမလား

" ကျွန်မ မျိုးရိုးနာမည်က 'ယွီ' ပါ... အစ်မကြီးတို့ အရသာကြိုက်တယ်ဆို မနက်ဖြန်လည်း လာအားပေးဖို့ သတိရပေးပါနော်!"
ယွီရှောင်ချောင်းက ဆိုင်ရှင်ကို လက်ပြကာ ပြုံးပြလိုက်ပြီးနောက် ဆိုင်ကို သန့်ရှင်းရေးလုပ်ဖို့ ပြန်လှည့်လာလိုက်တယ်။

မနက်ဖြန် ဆိုင်စောစောဖွင့်ရမှာဖြစ်လို့ ဒီည ဆိုင်မှာ အိပ်ရအောင် သူမအဖေ့ဆီက ခွင့်တောင်းလာခဲ့တာ။ထန်ကူမြို့က ဆိုင်တော်တော်များများက ဆိုင်နောက်မှာ အဆောင်လေးတွေနဲ့ ဝင်ပေါက် နှစ်ခုပါတဲ့ ခြံဝင်းနဲ့ ဖြစ်တယ်။
ဆိုင်ရှင်ဖန်းက ဘေးအခန်းထဲ ပြန်ဝင်သွားတဲ့ ရှောင်ချောင်းကိုကြည့်ပြီး ကိုယ့်မျက်နှာကို ထိကာပြုံးလျက်
"ဒီကလေမလေးကတော့, အဒေါ့်အသက်က သူ့အမေ အရွယ်လောက် ရှိပါတယ်နော်... ဒါပေမဲ့ သူမလေးက အမကြီးလို့ ခေါ်တယ်ဆိုတော့ တကယ်ပဲ ငါက အဲ့လောက်တောင် အရွယ်တင်နေတာလား"

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now