အခန်း ၁၅၇ (ပင်လယ်မျှော့)

3.1K 349 3
                                    

[Zawgyi]


မနက်စောစောမှာ ကြီးမားတဲ့ နေလုံးနီနီကြီးက ပင်လယ်ထဲကနေ ကောင်းကင်ယံသို့ ပေါ်ထွက်လာတယ်။ ပင်လယ်လေညှင်းတွေက လှိုင်းလုံးတွေပေါ်ကို ဖြတ်သန်းပြီး ရွှေဝါရောင် ကမ်းခြေဆီကို ညင်သာစွာ တိုက်ခတ်လာတယ်။ ထိုအချိန်မှာ ဒီရေလည်းကျသွားပြီမို့ တံငါရွာက ဝီရိယရှိတဲ့ တံငါသည်တို့ဟာ ပင်လယ်စာကောက်ဖို့ ပစ္စည်းကိရိယာတွေနဲ့အတူ သူငယ်ချင်း မိသားစုတွေကိုခေါ်ကာ ပင်လယ်ဆီကို ထွက်လာကြတယ်။

နွေဦးပင်လယ်ရေတွေက တံငါသည်တွေရဲ့ ဖိနပ်မပါတဲ့ ခြေဖဝါးတွေကို အေးမြလန်းဆန်းစေတယ်။ သဘာဝပင်လယ်ပြင်ကြီးက တံငါသည်တွေရဲ့ မျိုးဆက်အစဉ်အဆက်တိုင်းကို ကျွေးမွေး စောင့်ရှောက်ခဲ့ကြတယ်။ အခုအခါမှာလည်း တံငါသည်တွေ ရတနာလို တူးဖော်ကြမယ့် ပင်လယ်ရဲ့ လက်ဆောင်တွေက ကမ်းစပ်တစ်လျောက် မရေမတွက်နိုင်အောင် စောင့်ဆိုင်းနေကြတော့တယ်။

ရှောင်ချောင်းရှောင်ချောင်း!

ကျိုးရှန်းဟူရဲ့ ကြည်လင်ပြတ်သားတဲ့ အသံက ဝင်းနံရံအမြင့်ကြီးကို ဖြတ်ကျော်ပြီး ယွီမိသားစု ခြံဝင်းထဲကို ရောက်လာတယ်။ အဲ့ဒီနောက် ထိုမိန်းမငယ်လေးရဲ့ သေးသွယ်တဲ့ ပုံရိပ်လေးက ခြံတံခါးအဝမှာ လျင်မြန်စွာ ပေါ်လာခဲ့တယ်။ ဟင်းသီးဟင်းရွက်ခင်းထဲမှာ အလုပ်များနေကြတဲ့ ရှောင်ချောင်းနဲ့ ရှောင်လျန်တို့နှစ်ယောက်လုံးက သူမကို ပြိုင်တူကြည့်လိုက်ကြတယ်။

ကျိုးရှန်းဟူက တူညီတဲ့မျက်နှာနှစ်ခုကိုကြည့်ပြီး အနည်းငယ် ဆွံ့အသွားတယ်။ သူမက ကြီးမားတဲ့မျက်လုံးတွေကို တဖျတ်ဖျတ်ခတ်ကာ ကသိကအောက် ရယ်လိုက်ရင်း

ရှောင်လျန်ရော အိမ်မှာပဲပေါ့! ဒါဆို ပိုတောင်ကောင်းသေးတယ်!! ငါ့မှာ မင်းတို့အတွက် သတင်းကောင်းရှိတယ်!

ရှောင်လျန်က နှုတ်ခမ်းတွေကို တွန့်ကွေးလိုက်ရင်း မေးလိုက်တယ်။

ဘာသတင်းကများ နင့်ကို ဒီလောက်ထိပျော်စေရတာလဲ ဘာလဲ နင့်အမေ နင့်ကိုပါ အိမ်ထောင်ချပေးတော့မလို့တဲ့လား

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now