အပိုင်း ၁၂၂ (ဝဋ်လည်ခြင်း)

3.3K 412 1
                                    

[Zawgyi]


ကျိန်ရှုံစားသောက်ဆိုင်ရဲ့ အနောက်ဘက်တံခါးကို သူတို့ ရောက်သွားတဲ့အခါမှာ ယောင်မိသားစုရဲ့ အိမ်တော်ထိန်းက အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ရပြီး ဖြစ်သည်။ အနောက်တံခါးရဲ့ အစောင့်တွေကသာ ကြပ်မတ်မှုမရှိဘူးဆိုရင် သူတွေ့ချင်တဲ့လူကို ဇွတ်တိုးဝင်ရှာလိုက်တော့မှာပေါ့။

" မိန်းကလေး... အာ! နောက်ဆုံးတော့ ထွက်လာပြီပေါ့..."

ယောင်မိသားစုရဲ့ အိမ်တော်ထိန်းက သူ့သခင်အား ဟင်းသီးဟင်းရွက်တွေဝယ်ဖို့ တာဝန်ကို အောင်မြင်အောင်လုပ်မှာဖြစ်ကြောင်း ကတိပေးခဲ့ပြီးပြီးပင်။ တစ်ခုခုလွဲမှားသွားခဲ့လို့ကတော့ သူဘာလုပ်ရမလဲ ဆိုတာကိုတောင် မသိတော့ပါချေ။

ယွီရှောင်ချောင်းက အနည်းငယ်တောင်းတောင်းပန်ပန်နဲ့ ပြန်ဖြေလာသည်။

" တောင်းပန်ပါတယ် အိမ်တော်ထိန်းယောင်! ကျိန်ရှုံစားသောက်ဆိုင်မှာ ကိစ္စလေးတစ်ခုရှိလို့ နှောင့်နှေးသွားရတာ..."

" အိမ်တော်ထိန်းယောင် ကျွန်တော်တို့မှာ ဒီမိန်းကလေးရဲ့ အကူအညီလိုနေတဲ့ အခြေအနေ ရှိနေတာမို့ ကျွန်တော်တို့ အချိန်လွန်သွားတာပါ..."

ကျိုးကျီရွှီမျက်နှာပေါ်မှာ ပြီးပြည့်စုံလွန်းတဲ့ အပြုံးတစ်ခု ရှိနေသည်။

" ကျွန်တော်က ခင်များတို့ရဲ့ ကိစ္စကို အချိန်အကြာကြီး နှောင့်နှေးမသွားဖို့ မျှော်လင့်မိပါတယ်..."

" မဖြစ်ပါဘူး... မဖြစ်ပါဘူး!"

အိမ်ေဝာာ်ထိန်းေယာင်က ထပ္ကာထပ္ကာ ပြောနေသည်။ ဘယ်လို ဟာသမျိုးလဲ! ကျိုးမိသားစုရဲ့ စွမ်းဆောင်ရည်အရှိဆုံး သားတစ်ယောက်ဖြစ်တဲ့ တတိယသခင်လေးကျိုးကိုတောင် တံခါးထိ ကိုယ်တိုင် လိုက်ပို့ပေးရအောင် လုပ်နိုင်တဲ့ ဒီသားအဖနှစ်ယောက်ရဲ့ နောက်ခံက ဘာများလဲ... ပြီးတော့ သူက သူတို့ကို ဖော်ရွေပျူငှာစွာ ဆက်ဆံပေးနေတယ်...

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now