အပိုင်း ၃၀ (ထူးခြားမှု)

3K 477 6
                                    

[Zawgyi]
အပိုင်း ၃၀ (ထူးခြားမှု)

သုံးယောက်သား စကားစမြည်ပြောရင်း မြို့ဆီဦးတည်တဲ့လမ်းပေါ် စတင်လျှောက်လှမ်းလာခဲ့ကြတယ်။

သူတို့တောင်ခြေကို ဖြတ်ပြီးတဲ့နောက် ခပ်ပိန်ပိန်နဲ့ အိတ်သေးသေးလွယ်ထားတဲ့ လူတစ်ယောက် သူတို့ရှေ့ ခပ်လှမ်းလှမ်းမှာ သွားနေတာကို တွေ့လိုက်တယ်။

မျက်စိလျင်လျင်နဲ့ ရှီထုန်လေးက အဝေးကလူကို မှတ်မိသွားတယ်။ ဒုတိယအစ်မ ကျွန်တော်တို့ရှေ့က လူက အစ်ကိုချန်းဝိန်နဲ့တူတယ်။ သူ့ရဲ့အားလပ်ရက်ပြီးသွားလို့ မြို့ကိုပြန်တာဖြစ်မယ်

အစ်ကိုချန်းဝိန်.... အစ်ကိုချန်းဝိန် ........

သူ့အစ်မပြန်ဖြေတာတောင်မစောင့်ဘဲ ရှီထုန်လေးက ပါးစပ်ဘေးကို သူ့လက်ကလေးတွေနဲ့ ကာပြီး အော်ခေါ်တော့တယ်။

အရှေ့ကမြင်နေရတဲ့ ပုဂ္ဂိုလ်က ခြေလှမ်းဆက် မလှမ်းပဲ ရပ်ကာ သူတို့ကို လှည့်ကြည့်လိုက်တယ်။

သူတို့ တဖြေးဖြေး နီးအောင်ဆက်လျှောက်လာတဲ့အခါ ယွီရှောင်ချောင်းက အဲ့ဒီကောင်လေးရဲ့ မျက်နှာကို ပိုသဲကွဲလာတယ်။ သူ့ရဲ့အသားအရည်က ခပ်လတ်လတ်နဲ့ မျက်နှာသွင်ပြင်က နူးညံ့တဲ့ပုံပေါက်တယ်။

ယဉ်ကျေးသိမ်မွေ့ပြီး ခန့်ညားတဲ့ အမူအကျင့်ရှိပြီး သူက ချောမွေ့ကြည်လင်တဲ့အသားအရည်နဲ့ ချောမောတဲ့ လူငယ်တစ်ယောက်ဖြစ်သည်။

အစ်ကိုကျောက် ရှီထုန်လေး... ဒါမင်းရဲ့အစ်မလား ချန်းဝိန်က သူနှုတ်ခမ်းလေး အပေါ်ကို တွန့်ကွေး

သွားရုံမျှပြုံးပြရင်း သူ့ရှေ့က မျက်လုံးပြူးပြူး၊ အသားရည် ဖြူဖျော့ဖျော့နဲ့ ကောင်မလေးကို စူးစမ်းစွာကြည့်လိုက်တယ်။

ရှီထုန်လေးက ချန်းဝိန်ရဲ့ညီငယ်လေးချန်းဝူနဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်ကြသည်။

လွန်ခဲ့တဲ့နှစ်လလောက်က ဒီကောင်လေးက သူ့ဒုတိယအစ်မအကြောင်းကို ခနခနပြောနေခဲ့တာ။

ရှီထုန်လေးက ပြုံးကာ

ဟုတ်တယ် အစ်ကိုရှောင်းဝိန် ကျွန်တော့ဒုတိယအစ်မက အကြီးဆုံးအစ်မနဲ့တူတယ်မလား

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now