အပိုင်း ၁၇၆ - ကြင်ယာတော်မင်းသမီး

2.9K 336 3
                                    

[Unicode]

အပိုင်း ၁၇၆ - ကြင်ယာတော်မင်းသမီး

သူတို့တွေ လာပြီ... သူတို့တွေ လာပြီ!

လူအုပ်ကြီးက ဖရဲသီးတွေ လှည်းအပြည့်သယ်လာတဲ့ မြင်းလှည်းနဲ့ မြည်းလှည်းတို့ကိုမြင်တော့ အုတ်အုတ်သဲသဲ ဖြစ်သွားပြီး လှည်းသွားဖို့ နေရာရအောင် အနာက်ဘက်သို့ ကိုယ်စီကိုယ်စီ ဆုတ်ပေးကြတယ်။
တစ်ခေါင်းလုံး ချွေးတွေရွှဲနေတဲ့ လီလီကတော့ ခုမှပဲ လူတွေကို တွန်းထုတ်နိုင်တော့တယ်။ သူဟာ မြည်းလှည်းရှေ့ကို တိုးထွက်လာပြီးနောက် သူ့နဖူးထက်က အိုင်ကျနေတဲ့ ချွေးစီးတွေကို သုတ်ပစ်လိုက်တယ်။ ထို့နောက် အနည်းငယ်ချဲ့ကားကာ အော်ပြောလိုက်တယ်။

ငါတို့ရဲ့မိန်းကလေးငယ်က နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့! ဖရဲသီးတွေသာ ဒီကို မြန်မြန် မရောက်ရင် ဒီလူတွေ ငါ့ကို အရေခွံဆုတ်ကြတော့မှာ!

နောက်ထပ် အကျွမ်းတဝင်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးကလည်း လူတွေကို တွန်းရုန်းပြီး ရှေ့ကို ထွက်လာတယ်။ ထိုလူက ယောင်မိသားစုရဲ့ အိမ်တော်ထိန်းဖြစ်တယ်။ မနေ့က လီလီတို့ အတူတူ ထမင်းစားခဲ့ဖူးတာမို့ တရင်းတနှီးနဲ့
သခင်လီကိုများ ဘယ်သူက ခက်ခဲအောင်လုပ်ရဲမှာလဲ? တော်ဝင်သံတမန်ကြီးကတောင် သခင်လီကို တန်ဖိုးထားတာ လူတိုင်းသိတယ်!

အလွန်အမင်းကို တန်ဖိုးထားတယ်? ကျွန်တော်က ဒီကို ဖရဲသီးလာရောင်းဖို့ တာဝန်အပေးခံရတာပါ... တန်ဖိုးထားခံရတဲ့လူ မဟုတ်ရပါဘူး... အာ!
လီလီဟာ သူ့ကိုယ်သူ ရယ်စရာတစ်ခုအလား သဘောထားကာ အရွှန်းဖောက်လိုက်တယ်။

သို့သော်လည်း ယွီရှောင်ချောင်းကတော့ သူမမျက်ခုံးကို အပေါ်သို့ ပင့်သက်လိုက်ကာ
အိုး? ဒီကို လာကူတာမှ နှစ်ရက်ပဲရှိသေးတယ်.. ခုတော့ ညည်းနေပြီလား ကောင်းပြီ... ကောင်းပြီ! နောက်ကျရင်တော့ မွေးစားအဖေအတွက် ဆိပ်ကမ်းဆီပို့ပေးဖို့ အစားအစာတွေ နည်းနည်းပဲ ထုပ်ပိုး ပေးရတော့မှာပဲ...

မဟုတ်ရပါဘူး! ကျေးဇူးပြုပြီး အဲ့လိုမလုပ်လိုက်ပါနဲ့! မင်းမိသားစုရဲ့ အသားနှပ်ကလွဲရင် ဆိပ်ကမ်းက ဘယ်ဆိုင်ကမှ စားလို့မကောင်းဘူး... ငါ တန်းစီစောင့်ရင်တောင် အသားနှပ်တွေ ဝယ်ရပါ့မလားမသိဘူး... မင်းသာ အစားအစာတွေ မပို့ဘူးဆိုရင် ငါက ဘယ်လိုလုပ်ပြီး စားရတော့မလဲ အား! ရှောင်ချောင်း... ငါတို့ရဲ့ မိန်းကလေးငယ်လေး... ခုနက ဘာမှမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်နော်... ဟုတ်ပြီလား ဒီလို မိန်းကလေးငယ်လေးကို ကူညီပေးရတာက သုံးဘဝစာ ကောင်းကြီးပေးခံရသလိုပဲ.

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now