အပိုင်း ၃၇ - (ဆိပ်ကမ်း)

3K 437 0
                                    

[Zawgyi]
အပိုင်း ၃၇ - (ဆိပ်ကမ်း)

သူမစီစဉ်ထားတဲ့အတိုင်း သူတို့ထွက်လာခဲ့ကြသည်။ သူမက သိုဝှက်ထားတဲ့ နေရာကနေ အသပြာတချို့ကို ဟိုစမ်းဒီစမ်းရှာယူလိုက်သည်။ ခဏလောက်စဉ်းစားပြီးတော့ ကြေးဒင်္ဂါးတစ်တွဲကို ယူလိုက်ပြီး ရင်ဘတ်နားက အိတ်ကပ်ထဲကို ထည့်လိုက်တော့သည်။ မြောက်ပိုင်းမှာ ဆောင်းဝင်တာ စောတာကြောင့် လေထဲ၌ အေးစိမ့်စိမ့်ဖြစ်နေပြီဖြစ်သည်။ လူအများစုကလည်း သူတို့ရဲ့ ဆောင်းဝတ် အထူကြီးတွေကြီးကို ဝတ်ဆင်နေကြပြီ ဖြစ်သည်။ ဒါ့ကြောင့် ယွီရှောင်ချောင်းက ငွေစတစ်ရာ ဝှက်လာတာကို ဘယ်သူမှမပြောနိုင်ကြပေ။

ယွီရှောင်ချောင်းက ခြင်းတောင်းကြီးတစ်ခုကို သယ်ရင်း အားရဝမ်းသာစွာနဲ့ လမ်းမကို ကျော်ဖြတ်သွားတော့သည်။ တူညီစွာ စိတ်လှုပ်ရှားနေတဲ့ ရှီထုန်လေးကလည်း သူ့နောက်ကလိုက်ပြီး ဆိပ်ကမ်းဆီသို့ ဦးတည်လိုက်ကြသည်။ ဆိပ်ကမ်းက မြို့နဲ့ယှဉ်ရင် တုန်ရှန်းရွာနဲ့ ပိုနီးပေမယ့် တစ်နာရီလောက် လမ်းလျှောက်သွားရသေးသည်။ ယွီရှောင်ချောင်းက စိတ်ပျော်ရွှင်နေသောကြောင့် သူမ ထိုနေရာကိုရောက်တော့ ပင်ပန်းသည်ဟု မခံစားခဲ့ရပေ။ သူမတို့က ဆိပ်ခံတံတားရဲ့ အလုပ်အရှုပ်ဆုံး အချိန်၌ ရောက်သွားတာဖြစ်သည်။ ပင်လယ်ကိုထွက်သွားခဲ့တဲ့ တံငါသည်တွေက သူတို့ရဲ့ကုန်တွေနဲ့ အတူ ပြန်လာကြပြီဖြစ်သည်။ ဆိပ်ခံတံတားရဲ့ အနောက်တောင်ဘက်က သဘာဝအလျှောက်ပင် ငါးဒိုင်ဖြစ်လာခဲ့သည်။

ကြီးမားတဲ့ အိမ်တော်တွေအတွက် ဝယ်ခြမ်းပေးရတဲ့ အိမ်တော်ထိန်းတွေက သူတို့သခင်အကြိုက် ငါးတွေနဲ့ ပင်လယ်စာတွေကို ရွေးယူနိုင်ကြဖို့ စောစောရောက်နေကြသည်။ ပြီးတော့လည်း စားသောက်ဆိုင်တွေ အရက်ဆိုင်တွေ စားသောက်ဆိုင်အသေးစားလေးတွေက ဝယ်ယူသူတွေကလည်း ဒီနေ့လတ်လတ်ဆတ်ဆတ် ဖမ်းလာတာတွေကို စောင့်ဆိုင်းနေကြသည်။

ဆိပ်ကမ်းမှာတော့ ကုန်တင်သင်္ဘောအချို့က အခုလေးတင်မှ ကမ်းခြေကို ဆိုက်ကပ်လာတာဖြစ်သည်။ အလုပ်သမားခေါင်းဆောင်ရဲ့ ညွှန်ကြားမှုနဲ့ ဆိပ်ကမ်းအလုပ်သမားတွေက သင်္ဘောပေါ်က ကုန်ပစ္စည်းတွေကို လှည်းအချို့ပေါ်မှာတင်ပြီး ဖြည်းဖြည်းချင်း သယ်ယူနေကြသည်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now