အပိုင်း ၁၃၉ ( စီရင်စုမြို့)

3K 381 1
                                    

[Zawgyi]


ရှောင်ချောင်းက ကျိန်ရှုံစားသောက်ဆိုင်မှာ ခရမ်းချဉ်သီးချက်နည်း တစ်ချို့ကို သင်ပေးခဲ့တယ်။ အဲ့လိုလုပ်ခြင်းကြောင့် သူမက မသိလိုက်မသိဘာသာနဲ့ ကျိန်ရှုံစားသောက်ဆိုင်အတွက် ဖောက်သည်ပိုရအောင် စီစဉ်ပေးလိုက်သလိုဖြစ်သွားတယ်။ ရှားပါးလေ တန်ဖိုးကြီးလေဆိုတဲ့ စကားအရ ယွီမိသားစုရဲ့ ခရမ်းချဉ်သီးတွေ ဈေးမြင့်ချက်က တချို့ရှားပါးအသီးတွေနဲ့တောင် တန်ဖိုးတူတူလောက် ရောင်းရတယ်။ ဒါကြောင့် သူတို့မိသားစုရဲ့ ခရမ်းချဉ်သီး စိုက်ခင်းသေးသေးလေးက မိသားစု ကြွယ်ဝဖို့ များစွာ အထောက်အကူပေးတယ်။

အခုက အသီးအနှံရာသီဆိုပေမယ့်လည်း ယွီမိသားစုအိမ်ရဲ့ အသီးအရွက်တွေက အရသာတင်မကဘဲ လက်ဆက်မှုမှာလည်း တခြားအသီးအရွက်တွေ စံတင်ရလောက်တယ်။ တစ်ဆက်တည်းမှာပဲ ယွီမိသားစုက အသီးအရွက်တွေက တခြားဟာတွေထက် အနည်းငယ် ဈေးပိုပေမယ့် ယောင်မိသားစုနဲ့ကျိန်ရှုံ စားသောက်ဆိုင်ကတော့ ရိုးရာမပျက် အားပေးနေတုန်းပဲ ။

အခုက အသီးအနှံရာသီဆိုတော့ နွေဦးတုန်းကလောက်တော့ အသီးအရွက်တွေက ဈေးကောင်းမရတော့ဘူး။ ဝက်သားဈေးနဲ့ အသီးအရွက်တွေကို ရောင်းခဲ့တဲ့နေ့တွေက ကုန်လွန်သွားပြီ။

အနောက်ဘက် တောင်တန်းဆီသို့ နေရောင်က ပထမဆုံးရွှေဝါရောင်အလင်းတန်းလေးအဖြစ် သွန်းလောင်းစဉ်မှာ ငှက်ကလေးတွေက သူတို့အသိုက်ထဲကနေ ကျီကျီကျာကျာ အော်မြည်နေကြတယ်။ ရှောင်ချောင်းက သတိရှိစွာနဲ့ အိပ်ယာက ထလိုက်ပြီး မျက်နှာသစ်လိုက်တယ်။ ရှီထုန်လေးက စောင်ပုံထဲကနေ တိုးဝှေ့ရင်း အမဖြစ်သူကို မနာလိုအားကျပုံလေးနဲ့ ကြည့်နေလေတော့
" မင်းတစ်ခုခု လိုချင်တာရှိရင် အမ စီရင်စုမြို့ကနေ ဝယ်ခဲ့ပေးမယ်! "

ရှောင်ချောင်းက ရှီထုန်လေးကို အစ်မကြီးပီသတဲ့ လေသံနဲ့ဆိုလိုက်တယ်။

ရှီထုန်လေးက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းခါကာ
"ကျွန်တော်လိုချင်တာ ဘာမှ မရှိပါဘူး... အရုပ်တွေ သရေစာမုန့်တွေ အတွက်တော့ ပိုက်ဆံ အကုန်မခံပါနဲ့... တကယ်လို့ ဈေးပေါတဲ့ မင်တံတို့ စာရွက်တို့လို စာရေးကိရိယာ တချို့တွေ့ရင်သာ ကျွန်တော့် အတွက် နည်းနည်းဝယ်ခဲ့ပေး... ကျွန်တော် ခံစားမိတာ ကျွန်တော့လက်ရေးလက်သားက အဆောင်က တခြားသူတွေနဲ့ယှဉ်ရင် သိပ်မလှဘူးလားလို့"

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now