အခန်း၅၁ (စီးပွားရေးရင်းနှီးမြှုပ်နှံမှု)

2.7K 371 3
                                    

[Zawgyi]
အခန်း၅၁ (စီးပွားရေးရင်းနှီးမြှုပ်နှံမှု)

ဒီနေ့ကတော့ တကယ်ကို သာယာလှပတဲ့ နေ့လေးတစ်နေ့ပင်။ ကောင်းကင်ကြီးက ကြည်လင်နေပြီး လေတို့က ငြိမ်သက်နေသည်။ ယွီရှောင်ချောင်းတစ်ယောက် အားနည်းချင်ယောင်ဆောင်ပြီး ရှီထုန်ရဲ့အကူအညီနဲ့ ခြံဝင်းအလယ်ကို နေရောင်ခံဖို့ထွက်လာခဲ့တယ်။ တကယ်လို့ မင်းက ပြဇာတ်တစ်ခုမှာ သရုပ်ဆောင်ရမယ်ဆိုရင် ဇာတ်ကွက်တိုင်းမှာ ပီပြင်နေဖို့လိုတယ်မလား!

ကိုယ်ပေါ်ကိုဖြာကျနေတဲ့ ဆောင်းတွင်းနေရောင်ခြည်လေးက သူ့မျက်နှာကို ညင်ညင်သာသာ ပွတ်သပ်ပေးနေတဲ့ အမေတစ်ယောက်ရဲ့လက်လိုမျိုး နွေးထွေးပြီး သက်တောင့်သက်သာဖြစ်စေတယ်။ ယွီရှောင်ချောင်း သက်တောင့်သက်သာဖြစ်လွန်းလို့ အိပ်ပျော်သွားမတတ်ပဲ။ ပြတင်းပေါက်က ချောင်းကြည့်နေတဲ့ အမျိုးသမီးလီကို မြင်ရတာတောင် စိတ်အနှောက်အယှက် မဖြစ်မိ။

အနောက်အရပ်ကိုနေဝင်တာနဲ့ ယွီဟိုင်နဲ့ ရှောင်လျန်တို့ သားအဖနှစ်ယောက် အိမ်ပြန်ရောက်လာကြတယ်။ ရှောင်လျန့်မျက်နှာပေါ်က တောက်ပတဲ့အပြုံးကို မြင်ရပုံထောက်ရင် ဒီနေ့သူတို့ကံကောင်းခဲ့ပုံပဲ။

ယွီဟိုင်က သူ့သမီးအငယ်ဆုံးလေးကို ပွေ့ချီလိုက်ပြီး အေးစိမ့်စိမ့် ခြံဝင်းထဲကနေ အခန်းဆီကို ရွှေ့ပေးလိုက်တယ်။ ကုတင်ရဲ့ အပူချိန်ကို စမ်းကြည့်လိုက်ပြီး ကုတင်အောက်ခြေက မီးဖိုထဲကို ထင်းတွေ ထပ်ဖြည့်လိုက်တယ်။ ယွီဟိုင်က တစ်ယောက်နားထဲ တစ်ယောက် တီးတိုးပြောနေကြတဲ့ တနေ့တခြား ပိုတူလာတဲ့ သမီးအမွှာလေးနှစ်ယောက်ကိုကြည့်ရင်း ပြုံးလိုက်တယ်။

ကဲ သမီးတို့နှစ်ယောက် စကားဆက်ပြောနေကြ၊ အဖေ တောင်ပေါ်မှာ ထင်းခုတ်ပြီးပြန်လာခဲ့မယ်၊ ရွာထဲက အတွေ့အကြုံရှိတဲ့လူကြီးတွေ ပြောတာတော့ ဒီနှစ်ဆောင်းက တော်တော်ကြမ်းမယ်တဲ့၊ အဲ့ဒါကြောင့် ခုကတည်းက ထင်းတွေကြိုစုထားတာကောင်းမယ်

အဖေ့ သားလည်းလိုက်ခဲ့မယ်! ရှီထုန်လေးလည်း အိမ်ထဲမှာ ရက်အတော်ကြာ ပိတ်မိနေပြီး မွန်းကျပ်ကျပ်ကြီး ခံစားနေရတဲ့နောက် ဒရယ် "အသေးလေး" ကိုပါခေါ်ပြီး သူ့အဖေနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားတော့တယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now