အပိုင်း ၄၈ (အပြောင်းအလဲတစ်ခု)

2.7K 409 3
                                    

[Zawgyi]

ဆေးဝါးတွေကို ယူပြီးတဲ့နောက် သားအဖနှစ်ယောက်က သမားတော်စန်းကို ရက်ရောစွာ ထပ်ခါထပ်ခါ ကျေးဇူးတင်နေတော့တယ်။ အဲ့ဒီနောက် သူတို့နှစ်ယောက်က သူတို့ရဲ့ စွတ်ဖားကိုယူဖို့ မြို့စွန်ကို သွားလိုက်ကြတယ်။ အိမ်ကိုပြန်တဲ့လမ်းမှာ သူတို့ ဝအောင်စားပြီးတော့ ရှောင်ချောင်းက လမ်းဘေးဆိုင်တစ်ခုမှ အသားပေါက်စီအချို့ကို ဝယ်လိုက်ပြီး ခွန်အားပြည့်ဝတဲ့ ခွေးနှစ်ကောင်ကို ကျွေးလိုက်တယ်။ ပြီးတော့လည်း သူမက ခွေးတွေရဲ့ သောက်ရေထဲကို အံ့ဖွယ်ကျောက်တုံးရေ အနည်းငယ်ကိုလည်း ထည့်လိုက်တယ်။

ခွေးနှစ်ကောင်က ချက်ချင်းဖျတ်လတ်တက်ကြွပြီး စွမ်းအင်တွေပြည့်လာတယ်။ အိမ်ပြန်တဲ့လမ်းမှာ တိရစ္ဆာန်နှစ်ကောင်က စွတ်ဖားလှည်းကို လျင်မြန်တဲ့အရှိန်နဲ့ ဆွဲသွားတယ်။ သူတို့က မြင်းဆွဲစွတ်ဖားကို မောင်းတဲ့ယောက်ျားကြီးကိုတောင် အမှီလိုက်နိုင်ပြီး ကျော်နိုင်ခဲ့လေတယ်။ မောင်းနေတဲ့သူက ခွေးနှစ်ကောင်ရဲ့အရှိန်နဲ့ ခွန်အားကို သဘောကျအံ့အားသင့်ပြီး သူရဲ့ကိုယ်ပိုင်မြင်းက သူတို့ကို မှီအောင်မလိုက်နိုင်ဘူးလို့ ပြောလေတယ်။

သန်မာပြီးရဲရင့်တဲ့ ခွေးတွေက ၁ နာရီမပြည့်ခင်မှာ ၂၅ ကီလိုမီတာ အကွာအဝေးကိုရောက်ခဲ့တယ်။ အဖေနဲ့သမီးက ရွာဝင်ပေါက်ကို မရောက်ခင် သူတို့ စောစောက ဆင်ထားတဲ့ထောင်ချောက်တွေကို စစ်ဆေးဖို့ ရှောင်လမ်းကိုသွားခဲ့တယ်။ သူတို့ရဲ့ထောင်ချောက် တစ်ဝက်ကျော်လောက်က သားကောင်တွေ ဖမ်းမိထားတာကိုမြင်တော့ ရှောင်ချောင်းကမအံ့ဩမိပေ။

ကြီးမားတဲ့ထောင်ချောက်နှစ်ခုမှာ တစ်ခုက ဝပြီးအသားပေါတဲ့ ဒရယ်တကောင်ကို ဖမ်းမိနေပြီး အခြားတစ်ခုက ပျက်စီးနေလေပြီ။ သို့သော်လည်း ဒရယ်ကို ဖမ်းမိနေတာ အချိန်တော်တော်ကြာပြီးတဲ့ ပုံပေါ်တယ်။ အကောင်လေးက လွန်ခဲ့တဲ့အချိန်တည်းက သေသွားလောက်ပြီး အေးခဲတောင့်နေလေပြီ။ တခြား ထောင်ချောက်ငယ်လေးတွေက ယုန်ရိုင်းတွေနဲ့ ရစ်ငှက်တွေကိုဖမ်းမိပေမယ့် သူတို့ထဲက တစ်ကောင်က ခွေးတူဝက်တူတစ်ကောင်ရဲ့ အကိုက်ခံထားရလေတယ် ။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now