အပိုင်း ၉၆ (အပူအပင်)

3.3K 451 9
                                    

[Zawgyi]
အပိုင်း ၉၆ (အပူအပင်)

အသက်ခုနစ်ဆယ်လောက်ရှိတဲ့ ယောက်ျားသားနှစ်ဦးဟာ လူမြင်ကွင်းအလယ်မှာ ငါးဟင်းတစ်ပွဲအတွက် ကလေးတွေလို အော်ကြီးဟစ်ကျယ် ရန်ဖြစ်နေကြတယ်။ ထိုကဲ့သို့ မမျှော်လင့်ဘဲ ကျော်ကြားတဲ့ ပညာရှိတွေရဲ့ အခြားတဘက်ခြမ်းကို တွေ့မြင်လိုက်ရတော့ စားသောက်ဆိုင်က ဆရာတွေတောင် ထိုပညာရှိတို့အပေါ်ထားရှိတဲ့ ကြည်ညိုမှုတွေ ဘယ်ထားရမှန်းမသိ ဖြစ်သွားတော့တယ်။ ကောင်းပေစွ! သူက တကယ်ပဲ အေးအေးဆေးဆေးနေတတ်တဲ့ လူထူးဆန်းကြီး ကျောင်းအုပ်ယွမ်မှ ဟုတ်ရဲ့လား? ခုကျတော့လည်း လူရမ်းကားကြီး ကျလို့ပါရောလား!

သူငယ်ချင်းဟောင်းကြီးတွေ တစ်ယောက်နဲ့တစ်ယောက် တွန်းလိုက်ပြုလိုက်လုပ်နေကြတာကို အခွင့်အကောင်းယူပြီး ကြီးကြပ်သူမုန့်ပါ ရောက်လာခဲ့တယ်။ သူ့ခမျာ ဝက်ခေါင်းနှပ်ကလေး မြည်းယုံရှိသေး သူ့ရဲ့ဟင်းပွဲကို ကာကွယ်ဖို့ကြိုးစားနေတဲ့ သူ့သူငယ်ချင်းက သူ့ကို တွန်းပစ်လိုက်တယ်။  ပညာရှင်ကြီးယွမ်ရဲ့ မျက်နှာဟာ စိတ်တိုလွန်းလို့ နီရဲလျက်နေလေတယ်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး

ကောင်းပ! မင်းတို့အားလုံး ငါ့ရဲ့ အရသာရှိတဲ့ ဟင်းပွဲကို လုစားရဲကြတယ်လား! ဒီ လူအိုကြီး! ဒီ လူအိုးကြီးက မင်းတို့နှစ်ယောက်လုံးနဲ့ အဆက်အသွယ်ဖြတ်မယ်!

ရှောင်ချောင်းနဲ့ သူမအဖေဟာ ဖြစ်ပျက်သွားခဲ့သမျှကို တအံ့တဩနဲ့သာ ကြည့်နေခဲ့တယ်။ အကယ်လို့ သူတို့သာ ရုံရွှမ်ကျောင်းတော်ကို မရောက်ခဲ့ရင် ပညာရှင်ကြီးယွမ်ဟာ ဒီလိုလူစားမှန်း လူတွေ သိမှာမဟုတ်ဘူး။ ဒီ..ဒီလူကြီးမင်းသုံးယောက်က ရုံရွှမ်ကျောင်းတော်ရဲ့ အရေးကြီး ပုဂ္ဂိုလ်တွေလေ... အကယ်လို့ သူမယူလာတဲ့ အသားနှပ်ကြောင့်သာ ဒီလူကြီးမင်းတွေ အချင်းချင်း အငြင်းပွားနေကြရင် သူမတော့ ကောင်းကောင်းကြီး ဒုက္ခရောက်တော့မှာပဲ...

အဲ့တာကြောင့် သူမ အမြန်အဆန် ရှေ့ထွက်ပြီး ဖျောင်းဖျလိုက်တယ်

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now