အပိုင်း - ၁၆၀ ( အကြပ်ရိုက်အောင် လုပ်ခြင်း )

2.9K 356 3
                                    

[Zawgyi]

မွေးစားသမီးရဲ့ အထင်ကြီးလေးစားပုံရတဲ့ အကြည့်အောက်မှာ ဖန်းဇီကျန်းက ဘဝင်ခိုက်နေတဲ့ ပုံနဲ့
" မနေ့ညက ပြန်ရောက်တာ... ဒါပေမယ့် အရမ်းနောက်ကျနေပြီမလို့ မြို့မှာပဲ နားလိုက်တာ... ဒီမနက် ဆိပ်ကမ်းကိုရောက်တော့ သမီးတို့ မိသားစုက အသားနှပ်အနံ့တွေကြောင့် ဗိုက်ကဆာလာရော... အဲ့ဒါနဲ့ ထုချေလွှာတွေကို မြန်မြန် နားထောင်ပြီးတာနဲ့ အဖေ ဒရောသောပါး ထွက်လာခဲ့တာပဲ... အရင်ရက်က စီရင်စုမြို့မှာ ရှိနေတုန်းကဆို ဒီအဖေက ငါ့သမီး လက်ရာတွေကို လွမ်းနေတာ!"

ရှောင်ချောင်းက အခက်တွေ့တဲ့ ပုံလေး ဟန်ဆောင်လိုက်ပြီးနောက် သက်ပြင်းချလျက်
" မွေးစားအဖေ  အဖေ စောစောပြန်လာမယ်ဆိုတာ မသိလို့ သမီးက ဟင်းချက်စရာတွေတောင် ဘာမှ ပြင်မထားရသေးဘူး... ဘယ်လို လုပ်ရပါ့"
ဖန်ဇီကျန်းက သူ့သမီး မရွှင်မပျဖြစ်နေတာကို မကြည့်ရက်နိုင်တာမို့ သူက မြန်မြန်ဆန်ဆန်ပဲ ဆိုလိုက်တယ်။

" သမီးလိမ္မာလေး, ဒီမွေးစားအဖေက သမီးချက်သမျှ အကုန်ကြိုက်ပြီးသား ! ခရုဆီနဲ့ ဆလပ်ရွက်တို့ , ခရမ်းသီးနှပ်တို့ , ကြက်ဥမွှေကြော်တို့, ခရမ်းချဉ်သီးတို့... ကဲပါ စိုက်ခင်းထဲက အသီးအရွက်တွေသာ ဒီတိုင်းယူခဲ့ ငါ့သမီးက အဲ့ဒါတွေကို အရသာအရှိဆုံး ဟင်းလျာတွေ အဖြစ် ပြောင်းနိုင်သားပဲ!"

ရှောင်ချောင်းတို့ မွေးစားသားအဖ အဖြစ်သည်းနေပုံကို မြင်ပြီး ယွီဟိုင်စိတ်ထဲ ခါးသက်သက်လေး ခံစားနေမိတယ်။ သူ့စိတ်ထဲ ဖန်းဇီကျန်းက သူ့အဖိုးတန် ရတနာလေးကို လုယုနေသလို ခံစားရတယ်။ တကယ်တော့ အကိုဖန်းက သူ့သမီးရဲ့ မွေးစားအဖေ ဖြစ်လာတာ တကယ့်ကို ကောင်းတဲ့ ကိစ္စပါ။ ရှောင်ချောင်းကို တုန်နေအောင်ချစ်မယ့်သူ နောက်တစ်ယောက်တိုး လာတာပေါ့။

အင်း... စဉ်းစားကြည့်ရင် သူ့သမီးက သူနဲ့ ဆို တစ်ရက်တစ်လေတောင် ကောင်းကောင်းမွန်မွန် မပျော်ရဘူး။ သူကတကယ်ကို အသုံးမကျတဲ့သူပဲ; ကိုယ့်သမီး ကိုယ်တောင် မကာကွယ်နိုင်တဲ့ အဖေမျိုး။

ရှောင်ချောင်းက သူ့အဖေ စိတ်မကောင်းဖြစ်နေတာကို သတိထားမိတယ်။ သူမက သူမ အဖေဘက် လှည့်လိုက်ပြီး ရွှင်ပျတဲ့ အပြုံးလေးနဲ့
" အဖေ, ဒီနေ့ ဘာလို့ အရမ်းနောက်ကျ ပြီးမှ ပြန်လာတာလဲ အသားနှပ်တွေ ရောင်းမကောင်းခဲ့လို့လား"

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now