အပိုင်း ၁၁၅ ( အသီးအရွက်များရောင်းခြင်း)

3.5K 373 1
                                    

[Zawgyi]


လှပတဲ့ နွေဦးနေရောင်ခြည်က ကောင်းကင်ပေါ်က မိုးကုတ်စက်ဝိုင်းဆီကနေ အလင်းဖြာနေတယ်။ ထောင်ပေါင်းများစွာသော အနီရောင် တိမ်စိုင်တွေက တောင်ထိပ်ပေါ်မှာ ရစ်သိုင်းနေတဲ့ မနက်ခင်းမြူခိုးများနဲ့ ရောယှက်ပြီး ပေါင်းစုံသော ရောင်လျှန်စက်ဝန်းအဖြစ် ပြောင်းလဲသွားတယ်။

ဒီနေ့က ရှားရှားပါးပါး နေသာတဲ့နေ့ပင်။ နေရောင်နွေးနွေးက အတော်ကလေး ဇိမ်ကျစေတာမို့ နေရတာ အလွန် သက်တောင့်သက်သာ ရှိလှတယ်။ ငါးရက်လောက်ရှိပြီ ဆိုပေမယ့် ယွီဟန်ရဲ့ ဒဏ်ရာတွေက သက်သာစလေးပဲ ရှိသေးတယ်။ အခုထိ ကျိုးသွားတဲ့ နံရိုးနေရာတွေနဲ့ ညှက်ရိုးတွေက ပြင်းပြင်းထန်ထန် နာနေတုန်းပဲ။

ပြတင်းပေါက်နေတစ်ဆင့် ခြံထဲက စိုက်ခင်းမှာ အလုပ်ရှုပ်နေတဲ့ ညီမဖြစ်သူကို ယွီဟန် ကြည့်လိုက်မိတယ်။ ပြီးနောက် သူက အနွေးကုတင်ပေါ်ကနေ နံရံကို အားယူကိုင်လိုက်ရင်း ဂရုတစိုက် ထ လိုက်ကာ ဖိနပ်စီးပြီး အပြင်ဘက်ကို ခပ်ဖြည်းဖြည်း ထွက်လာခဲ့တယ်။

ရှောင်ချောင်းက ခြံထဲက အသီးအရွက်စိုက်ခင်းထဲမှာ အသီးအရွက်တွေ နွေးထွေးပြီး ပျိုးပင်တွေ စိမ်းလန်းနေအောင် ဖုံးအုပ်ထားတဲ့ ကောက်ရိုးသက်ကယ်အမိုး ကို မ နေတယ်။ ခြံဝင်းထဲက မြေရဲ့ ရာခိုင်နှုန်း ခုနစ်ဆယ်ရှစ်ဆယ် လောက်ကို အသီးအရွက်စိုက်ခင်းအဖြစ် အသုံးပြုထားတာပင်။ စိုက်ခင်းထဲမှာ စိမ်းစိုပြီး သက်တမ်းတိုတဲ့ အရွက်တွေကို စိုက်ထားသေးတယ် ။ အံ့ဖွယ်ကျောက်တုံးက အသီးအရွက်တွေ ကြီးထွားနှုန်းမြန်အောင် ကူညီပေးထားတာမို့ လဝက်လောက်အတွင်းမှာကို အသီးအရွက်တွေ၊ ဟင်းနုနွယ်တွေနဲ့ ဆလပ်ရွက်တွေက ခူးလို့ရနေပြီ။ သူတို့က မနက်ခင်း နေရောင်ခြည်အောက်မှာ စိမ်းလန်းစိုပြည်နေကြလေတယ်။

အကိုကြီး ဒဏ်ရာတွေ မသက်သာသေးတာကို ဘာဖြစ်လို့ ထ လာတာလဲ?

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now