အပိုင်း ၁၅၀ (လူထူးလူဆန်း)

3K 377 2
                                    

[Zawgyi]


ရှောင်ချောင်းရဲ့မွေးစားအဖေသစ်က စစ်သူကြီး၊ တော်ဝင်သံတမန် တစ်ယောက်ဖြစ်ပေမယ့်လည်း သူမရဲ့လက်ရှိလူနေမှုပုံစံကတော့ သိပ်ပြောင်းလဲသွားတာမျိုးမရှိပေ။ သူမက ကိစ္စတွေကို ပြုလုပ်တဲ့အခါ သိုသိုသိပ်သိပ်ပဲ အမြဲနေတာကြောင့် ယွီရှောင်ချောင်းမှာ ဒီလိုဩဇာအာဏာရှိတဲ့ မွေးစားအဖေ တစ်ယောက်ရှိတာကို နေအိမ်ဟောင်းက ယွီမိသားစုနဲ့ ကျောက်မိသားစုကလွဲရင် တုန်ရှန်းရွာက ဘယ်သူမှမသိကြချေ။

အစမှာ ယွီဟိုင်နဲ့အမျိုးသမီးလျိုတို့က စစ်သူကြီးဖန်းရှေ့မှာ အရမ်းသတိထားပြီး ပြုမူဆောင်ရွက်နေဆဲ ဖြစ်သည်။ နောက်ကျမှ သူတို့သမီးရဲ့ လွှမ်းမိုးမှုအောက်မှာ သူတို့လည်း တည်ငြိမ်တဲ့အပြုအမူနဲ့ သူ့ကို ရင်ဆိုင်နိုင်သွားတယ်။ အခုအားလုံးက သူတို့အိမ်ကို မကြာခဏ ထမင်းစားလာတတ်တဲ့ ရဲရင့်ပြီး လွတ်လွတ်လပ်လပ်နေတတ်တဲ့ စစ်သူကြီးဖန်ကို ဆွေမျိုးတစ်ယောက်လို ဆက်ဆံကြလေတယ်။

မျက်စိတမှိတ်အတွင်းမှာပဲ လတစ်လက ကုန်ဆုံးသွားခဲ့ပြန်တယ်။ နွေးထွေးတဲ့ရာသီဥတုနဲ့ ချစ်စရာ့နွေဦးရက်တွေမှာ အနောက်တောင်တွေပေါ်ရှိ သဘာဝပေါက်ပင်တွေက တက်ကြွမှုနဲ့အတူ လန်းဆန်း ဝေဖြာနေတယ်။ ရှောင်ချောင်းမိသားစုရဲ့ စိုက်ပျိုးမြေ ၃ ကွက်မှာ ဖရဲနွယ်ပင်တွေက ရှည်ထွက်နေပြီး အရောင်ဆိုးထားသလို သစ်ရွက်စိမ်းတွေ ပေါ်ထွက်နေသည်။ ဖရဲနွယ်ပင်တွေပေါ်မှာ သေးငယ်တဲ့ အဝါဖျော့ရောင် ဖရဲပွင့်တွေရှိနေသည်။ တချို့အမပွင့်လေးတွေက သေးငယ်တဲ့ အစိမ်းရောင်ဖရဲသီးတွေပင် သီးနေလေပြီ။

ယွီရှောင်ချောင်းက သေးငယ်တဲ့သစ်သားရေပုံးကို သယ်လာပြီး နောက်လက်တစ်ဖက်ထဲမှာ ယောက်ချိုတစ်ခုကို ကိုင်ထားသည်။ နေပြန်ကောင်းလာတဲ့ ယွီဟန်က သူရဲ့အရမ်းမကျယ်တဲ့ ပုခုံးပေါ်မှာ ရေပုံးတွေကို ထမ်းလာပြီး သူ့ညီမလေးနောက်ကနေ လိုက်ပါလာသည်။

ရှောင်ချောင်းနောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါ သူ့အစ်ကိုရဲ့ နဖူးပေါ်က ချွေးသီးတွေအများကြီးကို မြင်လိုက်ရတာကြောင့် သူမနှလုံးသားက သူ့အတွက် နည်းနည်းနာကျင်သွားရသည်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now