အပိုင်း ၁၉၂ - အိမ်မက်ဆိုး

2.6K 328 2
                                    

[Unicode]

အပိုင်း ၁၉၂ - အိမ်မက်ဆိုး
ချန်းဝိန်က ကောင်ကလေးရဲ့ ကြင်နာမှုကို ထပ်မငြင်းဆန်နိုင်တော့ဘဲ သူ့ရဲ့ လက်မ အရွယ်လောက်ရှိတဲ့ ကြက်သားတုံးတစ်တုံးကို ယူလိုက်တယ်။ သူက အသားတုံးကို ပါးစပ်ထဲ ထည့်လိုက်ပြီး ဂရုတစိုက် အရသာခံနေတယ်။ အသားတုံးက သူ့ပါးစပ်ထဲမှာ ပျော်ဝင်သွားပြီး သူ့ဘဝမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ အရသာမျိုး ထွက်ပေါ်လာတယ်။ အနာဂတ်မှာ တော်ဝင်နန်းတွင်းစာမေးပွဲ အောင်မြင်ပြီးသွားလို့ ကြက်သားကင်တွေ အခြားအရသာရှိတဲ့ စားကောင်းသောက်ဖွယ်တွေကို မကြာခဏ စားနိုင်နေရင် တောင်မှ ဒီတစ်ကြိမ်စားဖူးတဲ့ အရသာလိုမျိုး မရှိနိုင်လောက်ဘူး...

ယွီရှောင်ချောင်းက သူမမောင်လေး ပျော်ရွှင်စွာ စားသောက်နေတာကို မြင်တော့ ကောင်ကလေးတွေကို ကျေနပ်အားရစွာ ကြည့်နေရင်းနဲ့ အလွန့်အလွန်ကို အားရပီတိဖြစ်နေမိတယ်။ သူမ သွေးဆောင် ဖျားယောင်းနေမှုကို မခံနိုင်တော့ဘဲ ရှီထုန်လေးရဲ့ ပါးဖောင်းဖောင်းလေးတွေကို ဆွဲညှစ်လိုက်မိတော့သည်။ ရှီထုန်လေးက သူ့ပါးကို ဖောင်းလိုက်ပြီး ဝတ်ကျေတန်းကျေ ပြန်ခံပြောလိုက်ကာ

"ဒုတိယအစ်မ ကျွန်တော်က သုံးနှစ်သား မဟုတ်တော့ဘူးနော် ကျွန်တော်က အခု ရုံရွှမ်ကျောင်းရဲ့ ကျောင်းသားတစ်ယောက်ဖြစ်နေပြီ ဆိုတော့ ကျွန်တော့်မျက်နှာ ဆွဲညှစ်တာ ရပ်လိုက်ပါတော့ဗျ။ တခြားသူတွေ မြင်ရင် သူတို့ရှေ့မှာ ကျွန်တော် မျက်နှာ ပျက်ရလိမ့်မယ်"

"ငါ မင်းပါးကို ညှစ်တာက မင်းကို ချစ်လို့လေ တခြား သူစိမ်းတယောက်ရဲ့ ပါးကို ဆွဲညှစ်ရတာ ငါ ကြိုက်တာမှ မဟုတ်တာ 'သားတစ်ယောက်က အရွယ်ရောက်လာရင် သူ့အမေကို ထပ်မလိုတော့ဘူး' ဆိုတဲ့ ဆိုရိုး ဘာလို့ ရှိလဲ ဆိုတာ ငါအခုတော့ နားလည်သွားပြီ.... မင်းက အရွယ်တောင် မရောက်သေးဘူး ကျောင်းလေးသွားရုံဘဲ ရှိသေးတယ် မင်းရဲ့ ဒုတိယအစ်မငါ့ကို ထပ်မလိုတော့ဘူးပေါ့ ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလိုက်သလဲ"

ယွီရှောင်ချောင်းက သူ့ခေါင်းကို ဘေးဘက်သို့ လှည့်လိုက်ပြီး သူ့မျက်လုံးတွေကို ပြူးကျယ်စွာ ဖွင့်ထားလိုက်တယ်။ သူမက စိတ်ထဲ စိတ်ပျက်တဲ့ ခံစားချက်တွေ မြင့်တက်လာပြီး သူမမောင်လေးကို ပြစ်တင်စွာ ကြည့်ရင်း မျက်ရည်တချို့ကို မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ထိန်းထားလိုက်တယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now