အပိုင်း ၁၉ ( အကိုဟန့်နောက်ကိုလိုက်ရင် စားဖို့အသားရှိတယ် )

3.5K 509 2
                                    

[Zawgyi]

အပိုင်း ၁၉ ( အကိုဟန့်နောက်ကိုလိုက်ရင် စားဖို့အသားရှိတယ် )

" ကျွန်တော့်ကိုလည်း မမေ့နဲ့ အကိုဟန် ! "

သူတို့ အသားစားရဖို့ ဖြစ်နိုင်တယ်ဆိုတာလည်း ကြားရော ရှီထုန်လေးက ကျောက်ဟန်နားပတ်ပတ်လည်မှာ ဝမ်းသာအားရ ခုန်ပေါက်နေတယ်။

ကျောက်ဟန်က ရှီထုန်လေးရဲ့ ပါးကို ညှစ်လိုက်ပြီး သွားပေါ်အောင် ပြုံးလိုက်တယ် ။

" ဒါပေါ့ ! ငါတို့ ရှီထုန်လေးဖို့ ဘယ်တော့မှ မမေ့ဘူး !"

" အကိုဟန်, အကိုက ဘာလို့ ဒုတိယအမ နဲ့ တူတာလဲ? အကိုရော ဒုတိယအမရော တခြားသူပါးကို ဆွဲရတာ တအားကြိုက်ကြတာပဲ "

ရှီထုန်လေးက သူကလေးမဟုတ်တော့ဘူးဆိုတဲ့ ပုံစံလေးနဲ့ နှုတ်ခမ်းဆူနေတယ် ။ ဒီကလေးလေးက သူ့မျက်နှာကို လက်နှစ်ဖက်နဲ့ကိုင်လိုက်ရင်း စိတ်မသက်မသာပုံလေးဖြစ်လို့နေတယ် ။

ကလေးတွေ ရယ်ရယ်မောမော ကစားနေတာကိုကြည့်ရင်း အမျိုးသမီးလျိုက အချိန်သိရန် ကောင်းကင်ကိုငေးကြည့်လိုက်တယ် ။

ကစားနေကြဦးနော်... အမေ အိပ်ရာခင်းတွေလျှော်တာမပြီးသေးလို့ စမ်းချောင်းဆီ ပြန်သွားလိုက်ဦးမယ်  အရမ်းကြီး ကြမ်းကြမ်းတမ်းတမ်းတွေ ဆော့မနေကြနဲ့ဦး နောက်ပြီး ညစာမတိုင်မီ အိမ်ပြန်လာဖို့လည်း မမေ့နဲ့ ! "

လက်ရှိမင်းဆက်ရဲ့ ပထမဆုံးဧကရာဇ် နန်းတက်ပြီးတဲ့နောက်ပိုင်း တစ်နေ့ ထမင်းသုံးနပ်စားရမယ့်

ဓလေ့စတင်ခဲ့တယ် ။ ဒီဓလေ့ စတင်ခဲ့တာ ဆယ်စုနှစ်တစ်ခုလောက်တောင် ကြာခဲ့ပြီးပြီ ။ ဆိုတော့ ထမင်းသုံးနပ်စားတဲ့ အကျင့်က အထက်တန်းလွှာတွေနဲ့ အဆင့်မြင့်စားသောက်ဆိုင်တွေမှာ ဓလေ့တစ်ခုလိုကို ဖြစ်နေပြီ ။ ဒါပေမယ့် ချို့တဲ့,တဲ့တောင်သူလယ်သမားတွေကတော့ မနက်တစ်ခါ ညတစ်ခါ တစ်နေ့ ထမင်းနှစ်နပ်ပဲစားတဲ့ ဓလေ့ထဲမှာ ပိတ်မိနေတုန်းပဲ ။ တကယ်တမ်းတော့ သူတို့က ထမင်းတစ်နပ်ပိုစားဖို့ မတတ်နိုင်ကြခြင်းပင် ။ ဒါကလည်း ယွီရှောင်ချောင်း သည်းညည်းမခံနိုင်တဲ့ အရာတွေထဲက တစ်ခုပဲ ။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now