အပိုင်း ၁၈၄ နေထိုင်အခြေချဖို့ကူညီပေးခြင်း

2.9K 363 9
                                    

[Unicode]

အပိုင်း ၁၈၄ နေထိုင်အခြေချဖို့ကူညီပေးခြင်း

"ကျေးဇူးတင်ပါတယ် မွေးစားအမေ!"

ယွီရှောင်ချောင်းလည်း အားနာမနေတော့။ သူမအိမ်မှာ နှစ် ၅၀၀ ဂျင်ဆင်းရှိတည်းက နှစ်တစ်ရာ ဂျင်ဆင်းကို ရှားပါတယ်လို့ မသတ်မှတ်တော့ပေ။ ဒါပေမယ့် သူမက မွေးစားအမေရဲ့ ကြင်နာမှုကို နှလုံးသားထဲမှာ အမှတ်ရနေတယ်။ ရှေ့လျှောက် သူမမှာ ကောင်းတာတစ်ခုခု ရှိလာရင် သူမရဲ့ မွေးစားအမေကို သေချာပေါက် မျှဝေပေးမယ်။

ရှဖူရုန်က သူမရဲ့နှလုံးသားထဲမှာ ပိုပြီးသဘောမကျသလိုတောင် ခံစားရတယ်။ နှစ် ၁၀၀ ဂျင်ဆင်းကို ရဖို့ မလွယ်ကူဘူး။ ဒါပေမယ့် တွေ့ခါစ ကျေးတောသူက အဒေါ်ဆီကနေ ကပ်ဖားရပ်ဖား သနားကမားနဲ့ ယူသွားတယ်။

သူတို့စကားပြောရင်း ရှောင်ချောင်းတို့မိသားစုရဲ့ ဖရဲသီးခင်းကို ရောက်လာကြတယ်။ လောလောဆယ်မှာတော့ ယွီဟိုင်က လှည်း၂ စီးပေါ်ကို ဖရဲသီးတွေ တင်နေတယ်။ ပြီးရင် သူက ဒီဖရဲသီးလှည်း ၂ စီးကို မြို့ဆီ ယူသွားရမှာပင်။ ယွီမိသားစုမှာ လှည်းမောင်းနိုင်တဲ့သူ မရှိတာကြောင့် သူက သူရဲ့ဝမ်းကွဲအကို ယွီရှီးကို လာကူညီဖို့ ခေါ်ထားတယ်။

"အဖေ, အကြီးဆုံးဦးလေး!"
ရထားလုံးတောင် လုံးဝ ရပ်မသွားသေးပဲ ရှောင်ချောင်းက ရထားလုံးပေါ်ကနေ ခုန်ချလိုက်တယ်။ အဲ့တာကို မြင်တော့ အမျိုးသမီးဖန်းက ဖြည်းဖြည်းဆင်းဖို့ ထပ်ခါ ထပ်ခါ သတိပေးတယ်။

သူ့သမီးက မရင်းနှီးတဲ့ မြင်းရထားလုံးပေါ်က ထွက်လာတာကို ယွီဟိုင် မြင်လိုက်ရတယ်။ သူမနောက်က အဖိုးထိုက်တဲ့ ကျင်ခပ်ထည်ဝတ်ထားတဲ့ အသက် ၃၀ အရွယ် မိန်းမတစ်ယောက်ရှိတယ်။ သူ့စိတ်ထဲမှာ သံသယတစ်ချို့ ရှိနေပေမယ့် သူမကို အနီးကပ်စိုက်မကြည့်ရဲပေ။ ထို့ကြောင့် သူက သူ့သမီးကို မေးလိုက်တယ်

"ချောင်းအာ, အဖေ ဖရဲသီးတွေ လာပို့တဲ့အခါကျမှ သမီးကို ပြန်ခေါ်လာမယ်လို့ သဘောတူထားတာ မဟုတ်လား။ ဘာလို့ ကိုယ့်ဘာသာ ပြန်လာရတာလဲ"

ယွီချောင်ရှောင်းက သူမရဲ့မွေးစားအမေ မည်သူမည်ဝါ ဖြစ်ကြောင်း ကတိုက်ကရိုက် မိတ်ဆက်ပေးလိုက်ပြီး နှစ်ယောက်က ယဉ်ကျေးစွာ အပြန်အလှန် စကားတချို့ပြောကြတယ်။ သူ့သမီးအတွက် အမျိုးသမီးဖန်းရဲ့ အချစ်တွေကို စကားလုံးတွေထဲမှာ ကြားနေရတာကို သတိပြုမိတာကြောင့် သူက နည်းနည်း စိတ်ချလက်ချ ရှိသွားတယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now