အခန်း၉၁ (ကြေးမြင့်တဲ့ပေးချေမှု)

3.4K 467 1
                                    

[Zawgyi]

လျို့ကောက ရှောင်ချောင်းရဲ့မျက်လုံးတွေထဲ ဖြတ်ပြေးသွားတဲ့ အရိပ်အယောင်ကို လှစ်ခနဲ မြင်လိုက်ရတယ်။ ဒါက အံ့ဩသွားတာလား? သူ သူ့မျက်နှာပေါ်က အမာရွတ်တွေကို ပွတ်သပ်ချင်စိတ်ကို ထိန်းချုပ်ဖို့ မတတ်နိုင်ခဲ့ဘူး။ သူ့ရင်ထဲမှာ ရှုပ်ထွေးပြီး ဒွိဟဖြစ်သွားတယ်။ သူတို့နှစ်ယောက် မနေ့ နေ့လည်တုန်းကလည်း တွေ့ဖူးကြတယ်မလား။ အဲ့ဒီတုန်းက ထိုမိန်းကလေးက သူ့အမာရွတ်တွေကို ကြောက်လန့်ပြီး မျက်နှာက သရဲတစ်ကောင်လို ဖြူစွတ်သွားခဲ့တာ။ ဒီနေ့ကျတော့ ကလေးတစ်ယောက်ကို ငိုသွားစေတဲ့အထိ ကြောက်ဖို့ကောင်းတဲ့ သူ့မျက်နှာကို တုန့်ပြန်တဲ့ပုံက ဒီအတိုင်း ရိုးရိုးအံ့ဩမှုပဲလား။ သူ အထင်မှားနေတာပဲဖြစ်ရမယ်!

သူက ရှောင်ချောင်းကို တစ်ချက်ကြည့်လိုက်ပြီး တစ်ခုခုပြောဖို့ စဉ်းစားလိုက်တယ်။ ဒါပေမယ့် အဆုံးမှာတော့ နှုတ်ဆိတ်နေဖို့ပဲ ဆုံးဖြတ်လိုက်ပြီး မနက်စာရောင်းတဲ့ လူတွေဆီကို ဖြည်းဖြည်းချင်း လျှောက်သွားလိုက်တော့တယ်။ ရှောင်ချောင်းက သူ့ဘေးပတ်လည်ကို ကြည့်လိုက်တော့ ဘယ်သူမှရှိမနေတာကို သတိထားမိသွားပြီး ထိုလူ့နောက်ကို ခပ်မြန်မြန် ပြေးလိုက်တော့တယ်။ သေချာတာတော့ သူမ ဒီနေရာမှာ တစ်ယောက်ထဲ ဆက်မနေချင်တော့ဘူး။ စောစောတုန်းက လူဆိုးအဖွဲ့သာ လက်စားချေဖို့ပြန်လာရင် သူတော့ သူတို့လက်နဲ့ သေပြီပဲ။

ရှောင်ချောင်း သွားတာကြာပြီဖြစ်တဲ့အတွက် ခေါက်ဆွဲဆိုင်ဘေးမှာ စောင့်နေတဲ့ ယွီဟိုင် စိတ်ပူ စပြုလာသည်။ သူ့သမီးတစ်ယောက် မျက်နှာမှာ အမာရွတ်တွေနဲ့ ရက်စက်ကြမ်းကြုတ်ပုံရတဲ့ လူတစ်ယောက်ရဲ့ဘေးကနေ အမြီးကုတ်ပြီး ပြန်လာတာကို မြင်လိုက်ရတဲ့အခါ ပထမတော့ ယွီဟိုင်က သူရဲ့ချစ်သမီးလေး အနိုင်ကျင့်ခံရတယ်ဟု ထင်မှတ်လိုက်သည်။ သူက လျင်မြန်စွာပဲ ထောနဲ့ထော့နဲ့, နဲ့ လျှောက်သွားပြီး သူ့သမီးကို သူ့ကျောနောက် ပို့လိုက်တယ်။ ထို့နောက် လောင်လျို့ကို သတိအနေအထားနဲ့ကြည့်ပြီး ပြောလိုက်တယ်။

မကြောက်နဲ့ သမီး, အဖေရှိတယ် ဘယ်သူမှ သမီးကို အနိုင်မကျင့်စေရဘူး!
ရှောင်ချောင်း သူ့ရဲ့ကာကွယ်ပေးမှုကြောင့် ရင်ထဲထိမိပြီး ပျော်ရွှင်သွားရတယ်။ သူက လျို့ကောကို တောင်းပန်တဲ့ အပြုံးလေးပေးလိုက်ပြီး သူ့အဖေကို ခုံပေါ်မှာ ပြန်ထိုင်စေလိုက်ပြီး ရှင်းပြလိုက်တယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now