အပိုင်း ၁၁၄ (အကျိုးများတဲ့ခရီးတိုတစ်ခု)

3.4K 436 5
                                    

[Zawgyi]

ယွီရှောင်ချောင်းက လူငယ်လေး ထိခိုက်ဒဏ်ရာရနေတာကို အလဟဿ ရပ်ကြည့်မနေနိုင်ပေ။ သူမက ဘဲငန်းမလေးကို လက်ထဲမှာ မလိုက်ပြီး လျှောက်သွားလိုက်သည်။ ဘဲငန်းထီးက ဖမ်းခံထားရတဲ့ ဘဲငန်းမလေးကို မြင်တော့ အပြင်းအထန် ပိုရုန်းကန်လာတော့သည်။ သူမကို ကြည့်နေတဲ့ တောက်ပတဲ့ ကျောက်ဟန်ရဲ့ မျက်ဝန်းတွေကြောင့် ယွီရှောင်ချောင်းက အခြေအနေတည်ငြိမ်ဖို့ သူမရဲ့ လှည့်ဖြားတဲ့ပစ္စည်း အံဖွယ်ကျောက်တုံးကို အလွယ်တကူ အသုံးမပြုနိုင်တာကြောင့် ထိုအစား စောစောက အံဖွယ်ကျောက်ရေ စွတ်ပြီးသား ငါးစာကိုပဲ အသုံးပြုရမှာပင်။ သူမ ထိုအစာကို ဘဲငန်းထီးကို ကျွေးပြီးတဲ့နောက်မှသာ ဘဲငန်းနှစ်ကောင်လုံး ငြိမ်သွားကြတော့သည်။

သူတို့က ဘဲငန်းခြေထောက်တွေကို ချည်ထားလိုက်ပြီး ကျောက်ဟန်သယ်ထားထဲ ခြင်းတောင်းထဲကို ထည့်ထားလိုက်သည်။ ခြင်းတောင်းကို အဖုံးဖုံးပြီးနောက် သူတို့ ဒီနေ့ရဲ့ တာဝန်ကို ပြီးမြောက်သွားပြီး ဖြစ်သည်။

ငါးရံ့ဖမ်းဖို့အတွက်ကတော့ သူမမှာ ထူးခြားတဲ့ ငါးစာရှိပေမဲ့ အချိန်တော်တော်ယူလိုက်ရသည်။ တခြား နည်းလမ်းလည်း မရှိဘူးကိုး။ ရှောင်ချောင်းရဲ့ တစ်မူထူးခြားတဲ့ ငါးစာက အားလုံးရဲ့အကြိုက် ဖြစ်နေပုံပေါ်သည်။ ငါးတွေ အားလုံးက အစာအတွက် တိုက်ခိုက်နေကြပြီး သူတို့က ငါးကျင်း ခြောက်ကျင်းလောက် ရှိမည့် ငါးကြင်းတွေကိုသာ ဖမ်းမိလိုက်သည်။ အသေးဆုံးငါးလေးက လက်တစ်ဖဝါးစာလောက်ရှိကာ အကြီးဆုံးက မြက်စားငါးကြင်းအရွယ်လောက်ရှိသည်။ အင်းအားများများ မစိုက်ထုတ်လိုက်ရဘဲ ရှောင်ချောင်းရဲ့ ငါးခြင်းတောင်းက မကြာခင်မှာပဲ ခပ်မြန်မြန် ပြည့်လာတော့သည်။

ကံကောင်းစွာနှင့် သူတို့ ငါးစာတွေကုန်လုနီးပါးအချိန်မှာပဲ နှစ်ကျင်း သုံးကျင်း အလေးချိန်ရှိတဲ့ ငါးရံ့အကြီးကြီးတစ်ကောင်ကို ဖမ်းနိုင်လိုက်ကြသည်။ ကျန်နေသေးတဲ့ ငါးစာတွေအတွက်တော့ ရှောင်ချောင်းက အိမ်ပြန်ယူသွားဖို့ အစီအစဉ်မရှိဘဲ ငါးထပ်ဖမ်းဖို့သာ သုံးလိုက်သည်။ အဆုံးမှာဝောာ့ သူမ ငါးအများကြီးဖမ်းမိကာ ကျောက်ဟန်ကို ကြိုးဖြင့် ငါးများကို သီစေပြီး အိမ်သယ်ဖို့ ကူညီစေခဲ့သည်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now