အပိုင်း ၁၇၅ - ချိုမြိန်ခြင်း အရသာ

2.8K 337 5
                                    

[Unicode]

အပိုင်း ၁၇၅ - ချိုမြိန်ခြင်း အရသာ

ဝမ်အာ့ကုန်းဟာ စိတ်ကြည်လင်နေပြီး သီချင်းလေးတကြော်ကြော်နဲ့ မိသားစုပိုင်တွန်းလှည်းလေးကို ယွီမိသားစုရဲ့ ဖရဲခြံဆီတွန်းလာခဲ့တယ်။
မြေကြီးပေါ်က ဖရဲသီးပုံကို ကြည့်လိုက်ရင်း ဝမ့်အာကုန်းတစ်ယောက် အားရပါးရ ပြုံးနေလိုက်တာများ သူ့ရဲ့ ကျိုးတိုးကျဲတဲသွားတွေတောင် အတိုင်းမသိ မြင်နေရတယ်။

အို! ငါလာတာ စောလှပြီထင်တာ... မင်းတို့က ငါ့ထက်တောင် စောရောက်နေကြတာကိုး! ငါကူညီစရာရှိရင် အားမနာနဲ့နော်... ပြောသာပြော... ဒါနဲ့ ဒီငွေတွေက မနေ့က ဖရဲသီးရောင်းရငွေ စုစုပေါင်း ငါးဆယ့်လေးလျန်မှားမှာတော့ မပူနဲ့ဗျာ!

ယွီရှောင်ချောင်းဟာ သူ့လက်ထဲက ငွေတွေကိုယူပြီး သူ့အတွက် ပေးရမယ့် ငွေကိုလည်း ပြန်ပေးလိုက်တယ်။ ဒါကိုတွေ့တော့ သူ့ခမျာ ဘာပြောရမှန်းမသိအောင်ကို ဝမ်းသာသွားတယ်။ ရှောင်ချောင်း အသာအယာပြုံးရင်း
မနေ့က ရောင်းကောင်းခဲ့ရဲ့လား ဒီနေ့ ကြည့်ရတာ တော်တော် ပျော်နေသလိုပဲနော်!

ဝမ်အာ့ကုန်းပြုံးလိုက်ကာ ခေါင်းတညိတ်ညိတ်နဲ့
မနေ့ကတော့ တကယ် ကံကောင်းတဲ့နေ့ပဲ...အရာရှိတစ်ယောက် ပိုင်တဲ့လှေက ကမ်းကပ်ခဲ့တယ်လေ... အဲ့ဒီမှာ သူတို့ကိုလာကြိုတဲ့ အိမ်တော်ထိန်းက ဖရဲသီး အလုံး နှစ်ဆယ်ကျော်လောက်ကို ဝယ်သွားတာ... ဟဲဟဲ! သူတို့ဆီကတင်ကို ငွေလျန်သုံးဆယ် ရလိုက်တာ... ကျန်တာတွေကိုတော့ နေ့လယ် မရောက်ခင်မှာပဲ အကုန်ရောင်းကုန်သွားတယ်!

အသက်သုံးဆယ်ကျော်ကာမှ ဝမ်အာ့ကုန်းတစ်ယောက် ဘဝမှာ ပထမဆုံးအကြိမ် စီးပွားရေးစလုပ်တော့ အိမ်က မိန်းမခမျာ သူ့အတွက် စိုးရိမ်နေတာကြောင့် ကိုယ်လေးလက်ဝန်နဲ့ ဆိုပေမယ့် ဆိပ်ကမ်းတံတားထိ လိုက်ခဲ့ရှာတယ်။

အရင်ဆုံး ဆိပ်ကမ်းတံတားမှာ ကုန်တင်သင်္ဘောအများစု ကမ်းကပ်လာကြတယ်။ အတွေ့အကြုံရှိတဲ့ အလုပ်ကြပ်အချို့သာ ဖရဲသီးကဘယ်လိုလဲဆိုတာ တွေ့ဖူးမြင်ဖူးရှိကြပြီး ကျန်တဲ့လူတွေကတော့ ဘာအသီးများလဲဆိုပြီး စပ်စပ်စုစုနဲ့ ကြည့်နေကြရတယ်။ ဖရဲသီးက တစ်လုံးကို လျန်အချို့ ပေးရတယ်လည်း ကြားရော လူတွေက ဝယ်ဖို့စိတ်ကူးမရှိကြတော့ပေ။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now