အခန်း ၁၁

3.4K 508 1
                                    

[Zawgyi]
[Unicode]
အပိုင်း ၁၁ (နာမည်ကြီးစားသောက်ဆိုင်တစ်ခုက ဧည့်သည်တွေကို အနိုင်ကျင့်တယ် )

မြင်းဆွဲ ရထားလုံးလား အဲ့တာက အရမ်းဈေးကြီးတယ်လေ... မြို့ထဲက လူကုန်ထံ သခင်ကြီးတွေကလွဲလို့ ဘယ်သူကများဒီရထားလုံးဖိုးကို တတ်နိုင်မှာလဲ ငါတို့ ရွာမှာက စိုက်ပျိုးမွေးမြူရေးလယ်မြေတွေ သိပ်မရှိတော့ တိရိစ္ဆာန်မွေးတဲ့သူတွေလည်း မရှိဘူး... ဒါပေမယ့် ဟိုဘက်ရွာက ဦးလေးမာမှာတော့ မြည်းလှည်း တစ်ခုရှိတယ်... သူက ကုန်တွေ အသယ်အပို့လုပ်ရင် ကူညီပေးလေ့ရှိတယ် ဒါပေမယ့် သူ အားတဲ့ အချိန်မှာတော့ မြို့သွားချင်တဲ့ရွာသားတွေကို မြည်းလှည်းမောင်း ပို့ပေးတယ် "

ယွီရှောင်လျန်က ရွှင်ရွှင်ပျပျ ပြန်ပြောတယ် ။

ယွီရှောင်ချောင်းရဲ့ ဆန္ဒကို ယွီဟန်က သဘောပေါက်သွားပုံပဲ ။ အချိန်ခဏ စဉ်းစားလိုက်ပြီးနောက် ယွီဟန်က

ငါတို့အိမ်မှာ ထင်းတွေ အလုံအလောက်ရှိသေးတယ်... မင်းကို ငါဘာလို့ မြို့ကို ခေါ်မသွားရမှာလဲ ? "

ယွီဟန်ရဲ့ ကမ်းလှမ်းမှုကို ယွီရှောင်ချောင်းက လုံးဝ ကျေနပ်သွားပြီး သူမခေါင်းကို တဆတ်ဆတ်
ညိတ်ပြလိုက်တယ် ။ တကယ်တော့ သူမ မြို့ကို ကိုယ့်ဘာသာ သွားချင်ခဲ့တာ ဒါပေမယ့် သွားရမယ့် လမ်းကြောင်းကိုက မသိဘူး။ ယွီရှောင်ချောင်းကို အကိုကြီးက မြို့ခေါ်သွားမယ်ဆိုတော့ ယွီရှောင်လျန်ကလည်း လိုက်ချင်နေတယ် ။ ဒါပေမယ့်သူသိတယ် သူသာ မြို့ကို လိုက်သွားရင် တစ်အိမ်လုံးက ရှိသမျှအလုပ်တွေ အကုန်လုံးက အမေ့ခေါင်းပေါ်ရောက်တော့မှာ ။

ယွီရှောင်လျန်က ယွီရှောင်ချောင်းရဲ့ ဖြူဖတ်ဖြူလျော် မျက်နှာကို ကြည့်လိုက်ပြီး တံစဉ်းကို ရှောင်ချောင်းလက်ထဲထည့်ပေးရင်း ခပ်တိုးတိုး ပြောလိုက်တယ် ။

" ခဏလေးစောင့်ဦး "

ယွီရှောင်လျန်က ပြောပြီး ခြံဝင်းထဲ ပြေးသွားတယ် ။

တအောင့်လောက်ကြာတော့ မောင်နှမတွေရဲ့ ပဟေဠိဖြစ်နေတဲ့ အကြည့်အောက်မှာ ရှောင်လျန်ပြန်ပြေးလာပြီး အဝတ်အိတ် အသေးလေးကို ခိုးကြောင်ခိုးဝှက်ပုံစံလေးနဲ့ ပျာယိပျာယာ ထုတ်လိုက်တယ် ။ ရှောင်လျန်က အိတ်ထဲကနေ ကြေးဒင်္ဂါးတချို့ကို ဆွဲထုတ်လိုက်ပြီးနောက် အပြုံးလေးနဲ့

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now