အပိုင်း ၁၄၉ (မိသားစုဖြစ်လာခြင်း)

3K 402 1
                                    

[Zawgyi]


ဆိပ်ကမ်းဈေးလေးမှာတော့ ဆေးဝါးရောင်းတဲ့ဆိုင်က ရိုးရိုးရှင်းရှင်း ဆိုင်ငယ်လေးတစ်ခုသာရှိသည်။ ထိုဆိုင်က ဆေးဝါးပစ္စည်းတွေက အမျိုးအစား စုံလင်စွာမရှိသည့်အပြင် အရည်အသွေးကလည်း သိပ်မကောင်းပေ။ သေချာပေါက် ဈေးကတော့ အတော်ချိုသည်။ ကံကောင်းလို့ ဟွမ်းသမ့်မှုန့်က ရှားပါးတဲ့ ဆေးဝါးတစ်မျိုးတော့ မဟုတ်ဘူး။ ယွီရှောင်ချောင်းက လေတစ်ချက်ဝေ့လိုက်ရင်တောင် အကုန်လွင့်စင်သွားမယ်ထင်ရတဲ့ ဟွမ်းသမ့်မှုန့် ကြေးပြားနှစ်ဆယ်ဖိုး ဝယ်ယူလိုက်တယ်။ အဲ့ဒီနောက် အနီးနားက ကုန်စုံဆိုင်တစ်ခုဆီက ဆိုဒါပြာမှုန့်တချို့ပါ ဝယ်လိုက်တယ်။

တစ်ချက်စဉ်းစားလိုက်ပြီးနောက် ယွီရှောင်ချောင်းက သူမနောက်ကို တကောက်ကောက်လိုက်ပြီး မေးခွန်းပေါင်းစုံ လျှောက်မေးနေတဲ့ ဖန်းဇီကျန်းကို မေးကြည့်လိုက်တယ်။

ဦးလေးဖန်း, ဦးလေးဆီမှာ လက်ဖက်အချိုခြောက်ရှိလား အရမ်းကြီး အရည်အသွေးကောင်းစရာ မလိုပါဘူး၊ သာမန်လောက်ဆိုရင်ကို ဖြစ်တယ်!

ဖန်းဇီကျန်းက မျက်ခုံးတွန့်ပြီး စဉ်းစားလိုက်တယ်။ ထို့နောက် သူကခေါင်းရမ်းပြီး ပြန်ဖြေတယ်။

ငါ့လို လူကြမ်းကြီးက ဒီလို လက်ဖက်ခြောက်အကြောင်းတွေ ဘယ်လိုသိမှာလဲ၊ သေရည် သောက်ရတာကမှ ရေနွေးကြမ်းသောက်ရတာထက် ပိုမကောင်းဘူးလား

ယွီရှောင်ချောင်းက အနည်းငယ်စိတ်ပျက်စွာနဲ့ ခေါင်းကိုအောက်စိုက်လိုက်တယ်။ သူ အစက ငွေချွေတာနိုင်တော့မယ်ဆိုပြီး မျှော်လင့်ခဲ့တာ။ ဘာလို့ဆို လက်ဖက်ခြောက်ဈေးက လုံးဝနိမ့်မနေလို့ဘဲ!

ဖန်းဇီကျန်းက သူမရဲ့ ရှုံ့တွနေတဲ့ ခရမ်းသီးလိုရုပ်ကို မြင်တဲ့အခါ အနည်းငယ် စိတ်မကောင်းဖြစ်သွားပြီး ပြောလိုက်တယ်။
နောက်ကျမှ ကျန်းလေးကို မေးပေးမယ်၊ အဲ့ကောင်လေးက သူကိုယ်သူ ယဉ်ကျေးမှုကို ချစ်မြတ်နိုးတဲ့သူလို ဟန်လုပ်ရတာ ကြိုက်တဲ့သူမို့၊ တကယ်လို့ သူ့ဆီမှာ မရှိရင်တောင် မင်းအတွက် ရှာပေးနိုင်လိမ့်မယ်၊ ရှောင်ချောင်း, မင်းက ရေနွေးကြမ်း သောက်ရတာ ကြိုက်တယ်လား၊ အဲ့လိုဆို နောက်တခါ ဧကရာဇ်ကငါ့ကို လက်ဖက်ခြောက်တွေ ဆုချရင် သေချာပေါက် မငြင်းတော့ဘူး!

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now