အပိုင်း ၉၀ (လျို့ကော)

3.5K 468 1
                                    

[Zawgyi]
အပိုင်း ၉၀ (လျို့ကော)

အလုပ်ကြပ်စွမ်ရဲ့ အကူအညီနှင့် လျိုမိသားစုမှ ရှောင်ချောင်းရဲ့ အကြီးဆုံးဦးလေးနှင့် အကြီးဆုံးဝမ်းကွဲအစ်ကိုက အလုပ် နေ့တိုင်းရှာနိုင်သွားတော့တယ်။ တစ်ခါတစ်ရံ သူတို့က သူမရဲ့ ဒုတိယဦးလေးကိုတောင် ခေါ်လာခဲ့တယ်။ နေ့တိုင်း တစ်ယောက်ကို ကြေးပြားတစ်ရာကျော်ကျော်စီ ရကြလေသည်။ အကြီးဆုံးအရီးကလည်း ဈေးရောင်းမကောင်းတာကြောင့် ဟင်းရွက်ဆားရည်စိမ်တွေ ရောင်းနေတာကို ရပ်လိုက်တော့သည်။

သူ့အဖေက အဖိုးလျိုနှင့် စိတ်အားထက်သန်စွာ စကားစမြည်ပြောနေတာကို မြင်တော့ ရှောင်ချောင်းလည်း ထရပ်လိုက်ကာ အေးအေးလူလူ လျှောက်ကြည့်နေလိုက်တော့သည်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ သူမက ပိုက်ဆံရဖို့ကိုသာ အာရုံစိုက်နေပြီး ဆိပ်ကမ်းကို လှည့်သွားဖို့ အချိန်မရှိခဲ့ပေ။

ထန်ကူဆိပ်ကမ်းက လက်ရှိဧကရာဇ် ထီနန်းတက်လာတဲ့အခါမှသာ စတင် ဖွံ့ဖြိုးလာတာဖြစ်သည်။ လက်ရှိဧကရာဇ် ဆယ်ကျော်သက်အရွယ်တုန်းက ပင်လယ်ကို စွန့်စားသွားလာရတာ သဘောကျတဲ့သူဖြစ်သည်။ သူက ရေယာဉ်တွေ ပြုလုပ်ရာမှာလည်း ကိုယ်တိုင် ဦးစီခဲ့သည်။ သူ ထီးနန်းတက်ပြီးနောက် ပင်လယ်ရွက်လွှင့်ကုန်သွယ်မှုကို အားသွန်ခွန်စိုက် ဖွံ့ဖြိုးစေပြီး ပင်လယ်ဓားပြတွေကို တိုက်ခိုက်ချေမှုန်းဖို့ အင်အားကြီးမားတဲ့ ရေတပ်ကို ဖွဲ့စည်းကာ ကုန်သင်္ဘောတွေကို ကာကွယ်စေသည်။ ရလဒ်အနေနှင့် လွန်ခဲ့တဲ့ ငါးနှစ် ခြောက်နှစ်မှစ၍ ပင်လယ်ကုန်သွယ်မှုလုပ်ငန်းက အောင်မြင်အထမြောက်လာတော့သည်။

မြို့တော်နဲ့ အနီးဆုံးဆိပ်ကမ်းဖြစ်တဲ့အလျောက် ထန်ကူဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်မှုက အလိုအလျောက် အရေးကြီးသည့် လမ်းကြောင်း ဖြစ်လာသည်။ ဒါပေမဲ့လည်း ဒါက သင်္ဘောဆိပ်ကမ်းတံတားအသစ်သာ ဖြစ်နေသေးသည်။ ကြီးမာပေမဲ့လည်း ရိုးရှင်းကာ ဆောက်လုပ်မှု အများစုကလည်း မပြီးမြောက်သေးပေ။ သို့ပေမဲ့လည်း အမြော်အမြင်ရှိတဲ့ ကုန်သည်တွေက ဆိပ်ကမ်းကို မျက်ခြေမပြတ်စောင့်ကြည့်နေပုံပင်။ အဆိုအရ ကျိုးမိသားစုက ကျိန်ရှုံစားသောက်ဆိုင်ခွဲဖွင့်ဖို့ နေရာတောင် ရွေးထားကြပြီးပြီ ဖြစ်သည်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now