အပိုင်း ၁၃ (လုံးဝရှုပ်ထွေးနေသော)

3.5K 494 0
                                    

[Zawgyi]
အပိုင်း ၁၃ (လုံးဝရှုပ်ထွေးနေသော)

တတိယသခင်လေးကျိုးဟာ ရယ်ရင်း သူ့အင်္ကျီကော်လာကို ဖုန်ခါလျက် " တကယ်တော့ ငါက မင်းတို့အတွက်ချည်း ကူပြောပေးတာမဟုတ်ပါဘူး။ ကျိန်ရှုံစားသောက်ဆိုင်ရဲ့ သခင်လေးအနေနဲ့ငါက ဖူလင်းစားသောက်ဆိုင်ကို ထိခိုက်အောင်လုပ်လို့ရမယ့် အခွင့်အရေးကို ဘယ်လက်လွှတ်ခံမလဲ။ ဒါပေမယ့်သနားစရာပဲ..."

ယွီရှောင်ချောင်းက အဲဒီလူငယ်က ကျိန်ရှုံသူဌေးလေးဆိုတာကြားတော့ သူ့အစ်ကိုနောက်ကနေ တောက်ပတဲ့အပြုံးနဲ့ ထွက်ကြည့်ရင်း " အစ်ကိုက ကျိန်ရှုံစားသောက်ဆိုင်ရဲ့သူဌေးလေးပေါ့ ဒါဆို ဆုံးဖြတ်ပိုင်ခွင့်လည်းရှိတယ်လား"။

ယွီဟန်က သူ့ညီမရဲ့အကြံကို သိပြီးသားဆိုတော့ သူ့ညီမအင်္ကျီလက်ကို အသာလေးဆွဲထားလိုက်တယ်။

လူငယ်တွေမှာရှိတတ်တဲ့ မာန်ဝင့်တဲ့အရိပ်အယောင်မျိုးဟာ တတိယသခင်လေးကျိုးရဲ့ ချောမောလှတဲ့ မျက်နှာမှာ အထင်းသားရှိလျက် "ကျိန်ရှုံစားသောက်ဆိုင်ကို ငါ့မိဘတွေက ငါ့အတွက်အထူးအနေနဲ့လက်ဆောင်ပေးထားတာ ငါ့အတွက် အလေ့အကျင့်တစ်ခုအနေနဲ့ ဆိုပြီးတော့လေ။ ဒါကြောင့် ငါ့မှာ ဆုံးဖြတ်ပိုင်ခွင့်အပြည့်အဝရှိတယ်"

သူတို့ မသိလိုက်ခင်မှာပဲ ကျိန်ရှုံစားသောက်ဆိုင်ရှိတဲ့လမ်းကို ရောက်လာကြတယ်။ ကျိန်ရှုံ စားသောက်ဆိုင်က မြင့်မားပြီးခမ်းနားလှတာကြောင့် အဝေးကပင်လှမ်းမြင်နိုင်သည်။

ယွီရှောင်ချောင်းက လုံးဝအံ့အားသင့် ဆွံ့အသွားခဲ့တယ်။

"ဒီစားသောက်ဆိုင်က ကြယ်ငါးလုံးအဆင့်ရှိတဲ့ဟိုတယ်နဲ့တောင် ယှဉ်လို့ရနိုင်တယ် ဒါပေမယ့် ပိုင်ရှင် သူဌေးက ဒါကိုတောင် အတွေအကြုံရအောင်သုံးဖို့ လူငယ်လေးတစ်ယောက်ကို ပေးထားတယ်တဲ့။ ဒီကျိုးမိသားစုက ပိုးစိုးပက်စက်ချမ်းသာတဲ့ပုံပဲ"

"တတိယသခင်လေး ဘာကိစ္စရှိလို့ ဒီအချိန်ကြီးရောက်လာရတာပါလဲ" ကျိန်ရှုံစားသောက်ဆိုင်ရဲ့ တာဝန်ခံက အရည်အချင်းပြည့်ဝတဲ့ လက်ထောက်တစ်ယောက်ဖြစ်ပြီး ကျိုးမိသားစုရဲ့ သခင်ကြီးကိုယ်တိုင် သူ့သားအတွက် ခန့်အပ်ပေးထားတဲ့သူလည်းဖြစ်တယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now