အပိုင်း ၉၉ - တွေ့ဆုံဖို့ အခွင့်အရေး

3.4K 424 2
                                    

[Zawgyi]

အစက အစီအစဉ်ကတော့ တစ်လတစ်ခါမှ ဝေစု ခွဲပေးဖို့ပင်။ သို့သော်လည်း သူ့ရှေ့ကသားအဖက စုတ်နွမ်းနေတဲ့ အဝတ်အစားတွေ ဝတ်ထားတာကို ဆိုင်ရှင်ကျန်း သတိထားမိသွားပြီး ငွေရေးကြေးရေး အခက်တွေ့နေတယ်လို့ တွေးမိတာကြောင့် ငွေစောစောပေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်သည်။
ယွီဟိုင်က လက်ခါပြကာ ယူဖို့ငြင်းဆန်နေသည်။
" ကျွန်တော်တို့ လက်မခံနိုင်ပါဘူး... လုံးဝ လက်ခံမနိုင်ပါဘူး... ဒါက ဟင်းရွက်ချဉ်သိပ်တဲ့ နည်းလမ်းလေးတစ်ချို့ပဲလေ... ကျွန်တော်တို့က ဘယ်လိုလုပ် ခင်များတို့ ငွေကို လက်ခံရမှာလဲ... ခင်များတို့ကသာ ပါဝင်ပစ္စည်းတွေ ဝယ်ပြီး အလုပ်တွေ အကုန်လုပ်ရတာလေ... ကျွန်တော်တို့က ဘာမှမလုပ်လိုက်ရပါဘူး... ဒါကို သိသွားကြရင် လူတွေက ကျွန်တော်တို့ကို နောက်ကွယ်မှာ မကောင်းပြောနေပါဦးမယ်..."

ဆိုင်ရှင်ကျန်းက အလောတကြီး ပြန်ပြောလာသည်။
"အစ်ကိုကြီး ခင်များ မှားနေပြီ... မြို့ထဲက ကျိန်ရှုံစားသောက်ဆိုင်အသစ်က အခြေကျတာကြာနေတဲ့ ဖူလင်းစားသောက်ဆိုင်ကို ယှဉ်နိုင်တာ ဘာကြောင့်လို့ ထင်လဲ... သူတို့က အခြားနေရာမှာမရှိတဲ့ ထူးခြားတဲ့ ဟင်းလျာတွေရှိပြီး တော်တော်လေး တမူထူးခြားမှုရှိတာကြောင့်ပဲ မဟုတ်လား... ဒါက သူတို့ စားသုံးသူတွေကို ဘယ်လိုစွဲဆောင်လဲ ဆိုတာပဲ... ကျိန်ရှုံစားသောက်ဆိုင်က သူတို့ ဟင်းပွဲအသစ်တွေရဲ့ ချက်ပြုတ်နည်းလမ်းတွေကို ရောင်းချင်တယ်ဆိုရင် နည်းလမ်းတစ်ခုကို လျန်တစ်ထောင်ကျော်လောက်နဲ့ ရောင်းမယ်ဆိုရင်တောင်မှ ဝယ်ချင်နေတဲ့သူတွေ ရှိနေဦးမှာလို့ ကျွန်တော်ထင်တယ်... ကျွန်တော်က အစ်ကိုရဲ့သမီးပေးတဲ့ အဖိုးတန်တဲ့ နည်းလမ်းတွေကို တစ်ခါမှ မမြင်ဖူးတာမလို့ သူတို့က လုံးဝကို အဖိုးတန်တယ်ဗျ! ဒီဟင်းရွက်ချဉ်တွေကို ခင်ဗျားတို့ဘာသာ မြို့ထဲမှာ ကိုယ်တိုင်လုပ်ရောင်းမယ်ဆိုရင် ကျွန်တော်ပေးတဲ့ ငွေတွေထက် ပိုတောင် ရှာနိုင်ဦးမယ်... ဒါပေမဲ့ ခင်များရဲ့ သမီးက ကြင်နာတတ်တဲ့ စိတ်ထားရှိပြီး ဝင်ငွေရဲ့ နှစ်ဆယ်ရာခိုင်နှုန်းပဲ လိုချင်တာလေ... ခင်များ တွက်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ကသာ အမြတ်ယူနေတဲ့သူတွေပါဗျာ... အစ်ကို ငွေတွေကို မြန်မြန်လက်ခံလိုက်ပါ... ခင်ဗျားတို့နဲ့ ထိုက်တန်ပါတယ်...ဘာဖြစ်လိုလဲ... နည်းတယ် ထင်လို့လား..."

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now