အပိုင်း၉ (အကျိုးများတဲ့ ခရီးတို)

3.5K 512 0
                                    

[Zawgyi]

အပိုင်း၉ (အကျိုးများတဲ့ ခရီးတို)

ယွီရှောင်ချောင်း နှာခေါင်းလေးကို ပွတ်သတ်လိုက်ရင်း သူမရဲ့မသိနားမလည်မှုတို့ကြောင့် ရှက်ကိုးရှက်ကန်းလို့ဖြစ်နေသည်။ သူမက ပြည်မကြီးရဲ့ အတွင်းပိုင်း ဒေသတွေမှာ နေထိုင်ခဲ့တဲ့ မိန်းကလေးဖြစ်တာကြောင့် ပင်လယ်ရဲ့ အန္တရာယ်တွေကို နားမလည်ခဲ့ပေ။ ထိုအရာလေးက ကြည်လင်ဖြူဆွတ်နေတဲ့ 'မှိုလေး' လိုဖြစ်နေပေမဲ့ တကယ်တော့ သေစေနိုင်လောက်တဲ့ အဆိပ်တွေရှိနေတယ်။.
တကယ်ကို ဒီနေ့မှာ အသစ်အသစ်တွေ သင်ယူလိုက်ရတာပဲ!

'ရှလတ်!'

သူတို့မောင်နှမတွေက ရေကူးလာသံကို ကြားတဲ့အခါမှာ အသံလာရာသို့ လှည့်ကြည့်လိုက်ကြသည်။ သူတို့ လှမ်းကြည့်လိုက်ပြီး ရေထဲကနေတက်လာတဲ့ ယွီဟိုင် ကိုမြင်လိုက်ကြသည်။ သူက အပေါ်ဝတ်ကို ဝတ်မထားခဲ့တာကြောင့်
ကျစ်လျစ်သန်မာတဲ့ ရင်အုပ်ကြွက်သားတွေကို
မြင်နေရသည်။

"ချောင်းအာ....အဖေ ဘာရှာတွေခဲ့လဲဆိုတာ ကြည့်လိုက်!.."
ယွီဟိုင် သူ့ရဲ့ သွားတွေအကုန်နီးပါးဖော်ပြရင်း ပြုံးပြလာခဲ့သည်။ ထိုအပြုအမူက သူ့အသားအရေကို ပိုမဲပုံပေါ်စေသည်။ ဒါပေမဲ့ သူ့ရဲ့နေလောင်နေတဲ့အသားအရေက ယောကျာ်းဆန်တဲ့ပုံကို ပိုပေါ်စေတယ်!

ရှီထုန်လေးက ချက်ချင်း ပြေးသွားကာ အော်ပြောလိုက်သည်။
" ပင်လယ်ခရု!...အဲ့ဒါ ပင်လယ်ခရုပဲ! အဖေ က ပင်လယ်ခရုတွေ တွေ့ခဲ့တယ်! "

ယွီရှောင်ချောင်း သိချင်စိတ်နဲ့ ကတိုက်ကရိုက် သွားလိုက်သည်။ သူမက ယွီဟိုင်ရဲ့
လက်ကြီးကြီးထဲမှာ စိမ်းညိုရောင်ရှိတဲ့ အခွံမာ ရေသတ္တဝါ တော်တော်များများကို တွေ့လိုက်ရသည်။ တစ်ခုစီက စင်တီမီတာ အနည်းငယ်လောက်ပဲရှိပြီး အညတရပိုဆန်သေးသည်။ ဒါတွေက အရမ်းနာမည်ကြီးတဲ့ ပင်လယ်ခရုတွေလား။

" ဒီလိုကြီးတဲ့ ပင်လယ်ခရုတွေကို မြို့ထဲရောင်းမယ်ဆို ကြေးပြားရာအနည်းငယ် လောက်တန်တယ်....အဖေက ကိုးခုလောက်ရခဲ့တာ...ဒါတွေကို စားသောက်ဆိုင်ကြီးတွေမှာ ရောင်းရင် နှစ်လျန် သုံးလျန် လောက်ရနိုင်တယ်!.."
ယွီရှောင်လျန်လည်း လာကြည့်ကာ အံ့အားသင့်နေမိသည်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now