အခန်း ၁၀၄ (လုယက်သူ)

3.2K 414 11
                                    

[Zawgyi]

အခန်း ၁၀၄ (လုယက်သူ)

အိမ်မှာကျန်နေတဲ့ ရှောင်ချောင်းနဲ့ အမျိုးသမီးလျိုကလည်း အချိန်ဖြုန်းမနေကြပေ။ နှင်းကျပြီးတဲ့နောက် ပူနွေးတဲ့ နေရောင်ခြည်ထွက်လာတာကို အခွင့်ကောင်းယူကာ ကောက်ရိုးသက်ကယ်တွေကို အပေါ်ကို မတင်ပြီး နှင်းတွေကို ခါချလိုက်ကြတယ်။ နွေဦးနှင်းကြောင့် မပျက်စီးသွားဘဲ နေရောင်ထဲမှာ တောက်ပနေတဲ့ ဟင်းသီးဟင်းရွက်တွေကို ကြည့်နေတဲ့ အမေနဲ့ သမီးရဲ့မျက်နှာပေါ်က အပြုံးက နေရောင်ခြည်ထက်တောင် ပိုပြီး တောက်ပနေတယ်။

သူ့ရဲ့ သမီးနဲ့ လာလည်တဲ့ အမျိုးသမီးဖန်းက  ခြံဝန်းထဲကို ဝင်လာတဲ့အခါ သူမရှေ့က စိမ်းလန်းနေတဲ့  အပင်တွေကြောင့် အံ့သြသွားတော့တယ်။ သူမက နွေဦးရာသီကို ရောက်နေသလို ခံစားလိုက်ရတယ်။ အမျိုးသမီးဖန်းက မပြီးဆုံးနိုင်အောင် တတွတ်တွတ် ပြောနေတော့တယ်

"ဟင်းသီးဟင်းရွက်တွေက အရမ်းကို ကောင်းကောင်းကြီးထွားလာတာပဲ! ညီမလေးမုယွမ် မင်း ငါတို့ကို သင်ပေးတဲ့ နည်းလမ်းအတိုင်း ကောက်ရိုးသက်ကယ်တွေလည်း လုပ်ပြီး အသီးအရွက်တွေကို စိုက်တာပဲ... ပျိုးပင်အချို့က အညှောင့်ပေါက်လာပေမယ့် မနေ့က နှင်းတွေ တအားကျတော့ နွမ်းကုန်ကြပြီ ရှင်နိုင်ပါ့ဦးမလားတောင် မသိတော့ဘူး"

အမျိုးသမီးလျိုက သူမမျက်နှာမှာ ပျော်ရွှင်မှု မပါဘဲ ပြုံးပြီး ပြောလိုက်တယ်

"ရှောင်ချောင်းရဲ့ အဖေက သူမ လုပ်ချင်တာ လုပ်ဖို့ ခွင့်ပြုထားတာလေ ကျွန်မလည်း သူတို့ကို တားမရတာမလို့ ကျွန်မတို့တော့ မျိုးစေ့အိတ်တွေ အများကြီး ဖြုန်းတီးမိပြီဆိုတဲ့ အတွေးနဲ့ပဲ အသီးအရွက်တွေကို စိုက်ခွင့်ပြုလိုက်တာ... မမျှော်လင့်ဘဲ စိုက်ထားတဲ့ ဟင်းသီးဟင်းရွက် အနည်းငယ်က အညှောင့်ပေါက်လာတယ်လေ အစ်မတို့ရဲ့ ဥယာဉ်က ကောင်းကောင်း မဖြစ်ထွန်းဘူးဆိုတော့ မြေဆီလွှာ လုံလုံလောက်လောက် မရှိတော့လို့ များလား အစ်မ သိတဲ့အတိုင်းပဲ ကျွန်မတို့  ခြံဝန်းက နှစ်ပေါင်းများစွာ စွန်ပစ်ထားတော့ ချုံနွယ်ပိတ်ပေါင်းတွေ စုပုံနေတော့တာလေ"

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now