အပိုင်း ၁၄၄ (အကြံဉာဏ်ပေးခြင်း)

2.9K 392 5
                                    

[Zawgyi]


အမှန်တော့ အမျိုးသမီးမောက်က ကျိန်ရှုံစားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ ဆွေမျိုးတစ်ဦးဆီကနေ မြို့မှာ နာမည်ကျော်ကြက်သားကင်နည်းကို တုန်ရှန်းရွာမှ ယွီအမည်ရှိ မိန်းကလေးငယ်တစ်ဦးက ဖန်တီးခဲ့တာဟု ကြားလိုက်ရသည်။ ထိုအချိန်တုန်းက သူမ ထိုအကြောင်းကို သိပ်မယုံခဲ့ပေ။ နှစ်ပေါင်းများစွာ ဖျားနာပြီး အားနည်းနေတဲ့ ရှစ်နှစ်ကိုးနှစ်အရွယ် မိန်းကလေးက အစားအစာ ချက်ပြုတ်နည်းတွေကို ဘယ်လိုလုပ် သိနေနိုင်မှာလဲ။

သို့သော်လည်း ယွီမိသားစုက ကျိုးမိသားစုရဲ့ ကြက်တွေကို ကျိန်ရှုံစားသောက်ဆိုင်အား အကြုံပြုပေးလိုက်တဲ့အခါ အရင်က ရောင်းအားနည်းနေတဲ့ သူတို့ကြက်တွေက လုံးဝ ရောင်းကုန်သွားရုံသာမကဘဲ သူတို့က နွေဦးမှာပါ ကြက်ပေါက်လေးတွေကို ဖမ်းနေရပြီ ဖြစ်သည်။ သူတို့က သူတို့ရဲ့ ကြက်မွေးမြူရေးလုပ်ငန်းတွေကို တိုးချဲ့ချင်တယ်လို့ ပြောသေးတယ်!

ဒီနှစ်ရဲ့ အခြေအနေဆိုးရွားမှုကြောင့် သူမမိသားစုရဲ့ဘဲတွေကို မရောင်းနိုင်ခဲ့ဘူးဆိုရင် သူတို့မိသားစုအတွက် ငွေကြေးအခက်အခဲဖြစ်လာမှာပင်။ အမျိုးသမီးမောက်က ထိုအကြောင်းအရာတွေကို ယုံတစ်ဝက် မယုံတစ်ဝက် ဆိုပေမဲ့လည်း အခွင့်အရေးကို အမိအရယူဖို့ ဆုံးဖြတ်လိုက်ပြီး အကူအညီတောင်းဖို့ သွားလိုက်သည်။ ယွီမိသားစုရဲ့ သမီးငယ်လေးက အချက်အပြုတ်မှာ အမှန်တကယ် ပါရမီရှိနေမယ်လို့ သူမ မမျှော်လင့်ထားပေ။ ရက်အနည်းငယ်အတွင်းမှာ ထိုမိန်းကလေးငယ်လေးက ရောင်းအားကောင်းတဲ့ 'ပင်လုံးကြိုင်ဘဲပေါင်း' ဆိုတဲ့ အထက်တန်းလွှာဟင်းလျာကို ဖန်တီးခဲ့သည်။

ထိုပင်လုံးကြိုင်ဘဲပေါင်းက စွဲမက်ဖွယ်အရသာရှိရုံသာမကဘဲ ခန္ဓာကိုယ်အား နည်းမျိုးစုံဖြင့် အာဟာရပေးနိုင်သည်ဟု ဆိုကြသည်။ အမြဲတစေစားသုံးပါက ဖျားနာခြင်းကို သက်သာစေခြင်း၊ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း၊ ယင်ဓာတ်ကို အာဟာရဓာတ်ဖြည့်ပေးနိုင်ခြင်း၊ အဆုတ်ကို ပြုပြင်နိုင်ကာ ခြောက်သွေ့သောနေရာများကို အစိုဓာတ်ဖြည့်ပေးပြီး အသားအရေကိုလည်း လှပစေနိုင်တယ်လို့လည်း ကောလဟာလရှိနေသည်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now