အပိုင်း ၂၂ (လမ်းမှာတွေ့ရတဲ့ အတားအဆီး)

3.1K 473 3
                                    

[Zawgyi]

အပိုင်း ၂၂ (လမ်းမှာတွေ့ရတဲ့ အတားအဆီး)

ရွာထဲက ကလေးတွေထဲကမှ ပညာသင်တော်သင်သွားတဲ့ ချန်းဝိန်ကလွဲရင် ယွီဟန်က ကျောက်ဟန်ကို အလေးစားဆုံးဖြစ်သည်။ ကျောက်ဟန်က တိုက်ရည်ခိုက်ရည်တင် တော်တာမဟုတ် အမဲလိုက်တဲ့ နေရာမှာလည်း ဆရာကြီးပင်။ ဒါကြောင့် သူ သူ့ကိုတော့ မလွန်ဆန်နိုင်ပေ။ ယွီဟန်တစ်ယောက် ကင်ထားတဲ့ အသားအများစုကို သူ့ညီမငယ်အား စားစေလိုက်တယ်။

အသားတွေ ထပ်စားဦးမလား?
ရှောင်ချောင်းနဲ့ ရှီထုန်ကို သူမေးလိုက်တယ်။

ရှောင်ချောင်း လက်ခါပြကာ
ညီမလေးဗိုက်ကတော့ ဘာမှထည့်လို့မရတော့အောင်ကို တင်းနေပြီ... ရှီထုန်ရဲ့ ဗိုက်ကိုလည်း တစ်ချက်ရှိုးလိုက်ဦး... သူ့ဗိုက်ကြီးက ဖားပြုပ်ဗိုက်လောက်တောင် ရှိတော့မယ်...

ရှီထုန်လည်း သူရဲ့ဖောင်းကားနေတဲ့ ဗိုက်ပူလေးကို ပွတ်သပ်ပြီး ရယ်မောနေတယ်။

ဪ တော်တော်ကောင်းတယ်... မင်းတို့ကဒီမှာလာပြီး အသားတွေခိုးစားနေတယ်ပေါ့ ..ငါ အဘွားနဲ့ကို သွားတိုင်ပြောပစ်မယ်  မင်းတို့အဲ့ကျ သေအောင်ကိုရိုက်ခံရမှာ
ဟိန်ဇီတစ်ယောက် ရှောင်လျန်လက်ထဲက အသားကင်ကိုဖျက်ခနဲတွေ့လိုက်တော့ လမ်းဘေးက ရေခမ်းနေတဲ့မြောင်းကနေ ခုန်ကျော်လာပြီး ခြိမ်းခြောက်လိုက်တယ်။

ကျောက်ဟန်က ယွီဟန်နဲ့ သူ့မောင်နှမတွေကလွဲပြီး ရွာထဲက ကလေးတွေနဲ့ အပေါင်းအသင်းလုပ်တာ တော်တော်ရှားတယ်။ ဒါပေမယ့် ဟိန်ဇီဟာ နာမည်ဆိုးနဲ့ ကျော်ကြားတာကိုတော့ သူအထိုက်အလျောက် သိထားပြီးသားပင်။ မတတ်နိုင်တဲ့အဆုံး သူတစ်ချက် မျက်မှောင်ကြုတ်လိုက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ကာ
သူတို့စားနေတဲ့ အသားကင်ကို ငါပေးထားတာ ပြဿနာရှိလား

ဖက်တီးလေး ဟိန်ဇီလည်း သန်မာတောင့်တင်းပြီး သူ့ထက်ခေါင်းတစ်လုံးစာလောက်ရှည်တဲ့ ကျောက်ဟန်ကို အနည်းငယ်ရှိန်သဖြင့် နောက်သို့မဝံ့မရဲဆုတ်လိုက်တယ်။ ဒါမယ့်လို့ သူ့ပုံမှာ အသားစားရဖို့ လက်လျော့သေးပုံမပေါ်။ စူးရှတဲ့မျက်လုံးတွေနဲ့ လှစ်ခနဲကြည့်လိုက်ပြီး သူ့ရဲ့အမြင်ကတ်စရာအကျင့်အတိုင်း အာတကျယ်ကျယ်နဲ့
မသိဘူးကွာ.. မင်းတို့အားလုံးက ငါတို့တစ်အိမ်သားလုံးကို လျစ်လျူရှုပြီး ဒီမှာအသားတွေလာစားနေကြတာ ဒါအကြီးတွေကို မရိုသေတာနဲ့တူတူပဲ.. ငါသာသွားညှောင့်လိုက်ရင်တော့ မင်းတို့အားလုံးနာပြီသာမှတ်.. ဒါမယ့် အကယ်လို့သာ.

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now