အပိုင်း ၁၆၉ - အလုပ်ခေါ်စာ

2.9K 360 1
                                    

[Zawgyi]


ငှက်တို့ရဲ့ တေးတီသံတို့နဲ့အတူ နေ့သစ်တစ်ခု အစပြုလို့လာတယ်။ မျက်နှာပေါ် တိုက်ခတ်လာတဲ့ လေပြည်အေးလေးက မြေသင်းနံ့လေး သင်းလို့နေတယ်။ ဒီကနေ့ တုန်ရှန်းရွာရဲ့နံနက်ခင်းဟာ အရင်လို သာယာပြီးတိတ်ဆိတ်တဲ့နံနက်ခင်းနဲ့မတူဘဲ ပျံ့နှံ့နေတဲ့သတင်းတစ်ခုကြောင့် ရွာသားအားလုံး စိတ်လှုပ်ရှားပြီး တညံညံနဲ့ ပျားပန်းခတ်နေကြတယ်။

မင်းတို့တွေ ဒီသတင်းကြားပြီးပြီလား ကျိုးမိသားစုပိုင်စက်ရုံက ကန်စွန်းဥအမှုန့်တွေပါ ဝယ်တော့မယ် ဆိုတာလေ!

ရွာသားတွေက ယွီမိသားစုတို့ ပင်လယ်စာဝယ်ခြမ်းရာ ယွီရှောင်ချောင်းတို့ အိမ်အဝ၌ တန်းစီစောင့်နေရင်း စကားစမြည်ပြောနေကြတယ်။

တခြားရွာသားတစ်ယောက်က အံ့အားသင့်စွာနဲ့
တကယ်လား အရင်ဆောင်းဦးပိုင်းတုန်းက ကျွန်မတို့မိသားစု ကန်စွန်းဥတွေ တော်တော်များများ တူးမိထားတယ်။ ကြာကြာထားရင်လည်း မခံမှာစိုးတော့ အခြောက်ခံပြီး မြေအောက်ခန်းထဲမှာ သိုထားခဲ့တာ! ဒီကမာကောင်တွေ ရောင်းပြီးမှပဲ အိမ်ကယောက်ျားကို ကြိတ်ခိုင်းရမယ် ဒါပေမယ့် ဘယ်လောက်ပေးဝယ်မှာလဲ မသိဘူးနော်!

ကျိုးမိသားစုရဲ့ စီးပွားရေးက သမာသမတ်ကျတယ်... တခြား ခေါင်းပုံဖြတ်တဲ့ကုန်သည်တွေလို ဈေးမတန်မဆနှိမ်ပြီး မဝယ်ဘူး... ကာလပေါက်ဈေးထက်တော့ ဈေးပိုပေးမယ်လို့ကြားတယ်!
လုပ်ရည်ကိုင်ရည်ရှိတဲ့ ယောကျာ်းသားတစ်ဦးကဆိုတယ်။

ရေပုံးထဲက ပင်လယ်မျော့ကိုကြည့်နေတဲ့ ရိုးသားပြီး သန်သန်မာမာ ခန္ဓာကိုယ်ရှိတဲ့ ယောက်ျားသား တစ်ယောက်ကလည်း ရယ်ရယ်မောမောနဲ့
ဟုတ်တယ်ဗျာ! ကျိုးမိသားစုတို့ ကမာကောင်နဲ့ ပင်လယ်မျော့ဝယ်တဲ့အချိန်ကစပြီး ကျွန်တော်တို့ မိသားစုအခြေအနေက သိသိသာသာကို တိုးတက်လာခဲ့တာ... ခုဆို ကျွန်တော့ကလေးတွေ ဆန်ကောင်းစားချင်တယ်လို့ ပြောရင်တောင် အရင်လို ငွေတွေချင့်ချိန်စရာ မလိုတော့ဘူး! မနေ့ကတောင် ကလေးတွေ စားချင်တေလို့ အသားတွေ တစ်ကျင်းလောက် သွားဝယ်လိုက်သေးတယ်!

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now