အခန်း ၁၆၈ - ချမ်းသာကြွယ်ဝခြင်း

3K 366 2
                                    

[Zawgyi]


ဖန်းဇီကျန်းက အာဏာသိပ်မရှိတဲ့ တတိယအဆင့်စစ်အရာရှိဖြစ်ပေမယ့် ဧကရာဇ်ရဲ့ အခွင့်ထူး ပေးခံထားရတာကို သခင်ကြီးဝူက သိတယ်။ နောက်ပြီး သခင်ကြီးဖန်းရဲ့ ဆရာနဲ့ သူ့ရဲ့ ဆရာတူညီလေးတို့ ဒုတိယအဆင့်ကျန်းကောစစ်သူကြီးဘွဲ့ကို ပြန်လည်ရရှိပြီးနောက် တော်ဝင်အမိန့်ပြန်တမ်းကို လက်ခံရရှိပြီး မြို့တော်ကို မကြာသေးခင်ကမှ ပြန်ရောက်လာကြတယ်။ စစ်သူကြီးကျန်းကောရဲ့ လက်အောက်မှာ စစ်သည်တွေ အများကြီးထားရှိထားပြီး သိပ်မကြာခင်မှာ သူက နယ်စပ်တွေကို စောင့်ကြည့်ဖို့ အနောက်မြောက်ဘက်ကိုသွားရလိမ့်မယ်။

စစ်တပ်မိသားစုတွေမှာ သားအဖနှစ်ဦးလုံးက စစ်ထွက်တိုက်လေ့ရှိတာမို့ အနောက်မြောက်ဘက်ဒေသမှာ ပုန်ကန်မှုတွေရှိရင် ဖန်းဇီကျန်းလည်း ထိုနေရာကိုသွားဖို့ အမိန့်ကျလိမ့်မယ်။ စစ်တပ် ခေါင်းဆောင်ရေးပိုင်းက ကျောက်မိသားစုရဲ့ အဖေ၊ သားနဲ့ တပည့်လက်ထဲ ရောက်သွားရင် သူတို့က နန်းတွင်းမှာ နေရာတစ်ခုတော့ သေချာပေါက်ရမှာပဲ။

ဖြစ်နိုင်ချေအားလုံးကို စဉ်းစားပြီးနောက် တိုင်းတရားသူကြီးဝူက တော်ဝင်သံတမန်ဖြစ်တဲ့ ဖန်းဇီကျန်းကို မျက်နှာသာပေးဖို့ ဆုံးဖြတ်လိုက်ပြီး သံတမန်ကြီး မေးမြန်းနိုင်ရန်အတွက် ထိုဆိုင်ခန်းတွေက သူတို့ မိသားစုပိုင်တယ်ဆိုတဲ့အကြောင်းကို သူ့လက်အောက်ငယ်သားတွေအား သတင်းလွှင့်စေခဲ့တယ်။ သို့သော်လည်း တကယ်တော့ တော်ဝင်သံတမန်ကြီးက သူ့ရဲ့မွေးစားသမီးအတွက် ဝယ်ယူချင်တာ ဖြစ်နေမှန်း မထင်ထားခဲ့။ ဆိပ်ကမ်းမှာ ရက်အနည်းငယ်လောက် အလုပ်များနေတာမို့ ဖန်းဇီကျန်းက မေးဖို့ အခွင့်အရေးမရခဲ့။ ဒီနေ့တော့ အခွင့်အရေးရလာတယ်။ တိုင်းတရားသူကြီးဝူက အိမ်မှာ စိတ်ရှုပ်စွာ စောင့်နေလေတယ်။ တော်ဝင်သံတမန်က ဘာလုပ်ဖို့ကြိုးစားနေတာလဲ... ဝယ်ချင်တာလား မဝယ်ချင်တာလား။

ယွီရှောင်ချောင်းကလည်း ဒါစိတ်ကူးကောင်းတစ်ခုလို့ တွေးထားတယ်။ သူမအရင်ဘဝက လူတွေကလည်း အိမ်ခြံမြေလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံပြီး ငွေရှာကြတယ်။ ဈေးဆိုင်နဲ့ ဆိုင်ခန်းတွေကလည်း ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှုပင်။ စည်ကားတဲ့ မြို့လည်ခေါင်မှာရှိတဲ့ ဆိုင်တွေဆို ပိုကောင်းတာမို့ မိုးထိမြင့်တဲ့ဈေးနှုန်းတွေနဲ့ ရောင်းရနိုင်တယ်။ နှိုင်းယှဉ်ကြည့်ရင် ထန်ကူမြို့က ဆိုင်ခန်းတွေက အဲ့လောက်ဈေးကြီးတယ်လို့ ပြောလို့မရနိုင်ပေ။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now