အပိုင်း ၁၇၇ - အကြံအစည်

3K 366 9
                                    

[Unicode]

အပိုင်း ၁၇၇ - အကြံအစည်

ကြင်ယာတော်မင်းသမီးကျင်းက သူမ အနည်းငယ်ပြင်းထန်မိသွားတာကို သတိပြုမိပုံရသွားပြီး သက်ပြင်း ဖွဖွ ချလိုက်တယ်။

"မင်းအတွက် မလွယ်ကူဘူးဆိုတာ မယ်တော်သိပါတယ်။ မင်းရဲ့အကြီးဆုံးအစ်ကိုက မင်းသားကျင်း အိမ်ထောင်စုရဲ့ အမွေဆက်ခံသူဖြစ်ပြီးတော့ မင်းတို့ ခမည်းတော်က သူကိုယ်တိုင် ပညာသင်ပေးခဲ့တယ်။ တတိယသားက အိမ်မှာ အငယ်ဆုံးလည်းဖြစ် မွေးစ ကလည်း အားနည်းတဲ့ ခန္ဓာကိုယ်ရှိတော့ သူက ငါနဲ့ မင်းခမည်းတော်ဆီက ဂရုစိုက်မှုကို ပိုရခဲ့တယ်။ မင်းက အကြီးနဲ့ အငယ်ကြားမှာညှပ်နေတဲ့ ဒုတိယသား ဖြစ်နေတော့ အဖေနဲ့အမေက မင်းကို နည်းနည်း ပစ်ထားသလို ဖြစ်မိတာတွေရှိမယ်။ ဒါပေမယ့် သား ဒီတစ်ခုတော့ မှတ်ထား မင်းရယ် လီအာရယ် ယန်အာရယ် အားလုံးက မယ်တော့်ရဲ့ အသွေးအသားတွေပဲ ဆိုတာ။ မင်းတို့အားလုံး မယ်တော့်အတွက် အရမ်းအရေးပါတယ်!"

မင်းသားကျင်းနဲ့ သူ့ကြင်ယာတော်တို့က တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတဲ့ စုံတွဲဖြစ်ပြီး မင်းသားကျင်းက သူ့ကြင်ယာတော်ကို မျှော်လင့်ထားတာထက် ပိုပြီး အလိုလိုက်တယ်ဆိုတာ မြို့တော်က လူတိုင်းသိတယ်! မင်းသားရဲ့နေအိမ်မှာ နေထိုင်တဲ့ ကိုယ်လုပ်တော်တွေ မရှိရုံသာမက တခြား အကြံဉာဏ်တွေရှိနေတဲ့ မိန်းမအစေခံတွေကိုလည်း ဖယ်ရှားပစ်တယ်။

မှန်တယ် မင်းမရူးဘူး။ အဲ့တာ မင်းသားကျင်းပဲ! သူက ဆွဲဆောင်ဖြားယောင်းမှုတွေကို ခံနိုင်ရည်ရှိခဲ့ပြီး သူ့မိန်းမ တစ်ယောက်ကိုသာ ချစ်မြတ်နိုးတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လုံးလုံး ဒီလိုမျိုးပဲ ရှိနေခဲ့တာ။ မြို့တော်မှာ ကြင်ယာတော်မင်းသမီးကျင်းရဲ့ ကောင်းမွန်တဲ့ဘဝကို အားမကျတဲ့ အမျိုးသမီးဆိုလို့မရှိ။

ကြင်ယာတော်မင်းသမီးက အိမ်ထောင်သက်၂၅နှစ် ရှိပြီဖြစ်ပြီး သား ၃ ယောက်နဲ့ သမီး ၁ ယောက်ကို မွေးဖွားခဲ့သည်။ အကြီးဆုံးသား ကျူးကျွင်းလီဟာ မွေးဖွားလာကတည်းက အမွေဆက်ခံသူအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ သူ့ပညာရေးကို တာဝန်ယူဖို့ သူ့မိန်းမအတွက် အရမ်းပင်ပန်းမယ်လို့ မင်းသားကျင်းက တွေးမိတာကြောင့် သူ့အကြီးဆုံးသား စကားပြောတတ်ပြီ ဆိုကတည်းက သူက သူကိုယ်တိုင် ပညာသင်ပေးခဲ့သည်။ ထိုမျှမက သူ့အမေကို လိုအပ်တဲ့ကာကွယ်မှုတွေ ရိုသေမှုတွေပေးဖို့ သူ့သားကို သင်ကြားပေးခဲ့သည်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now