အပိုင်း ၁၀၃ (အကျင့်ပျက်ခြင်း)

3.2K 396 6
                                    

[Zawgyi]


အဖွားကြီးကျန်းဟာ သူမအကြည့်ကို ရှောင်နေတဲ့ အမျိုးသမီးလီကို ခက်ထန်စွာ ကြည့်လိုက်ပြီး

အစကတည်းက ဘာလို့ ရှင်းရှင်း မပြောခဲ့တာလဲ? နင် တမင်သက်သက် လုပ်တာမလား?

ရှောင်ချောင်း ဒီလို ပျက်ရယ်ပြုတာခံရတော့ အတော်လေး စိတ်ဆိုးသွားပြီး

အဘွား... အစားအသောက်လောကထဲ ဝင်လာပြီဆိုရင် အခြားသူတွေရဲ့ အမြင်ကိုလည်း ကြည့်ရမှာပဲလေ! ကိုယ့်အတွက်ကိုယ် ချက်စားတော့မယ်ဆိုရင်လည်း အရင်ဆုံး ပါဝင်ပစ္စည်းတွေကို ဆေးကြောရတာပဲ မဟုတ်ဘူးလား? ဒီလိုပဲ ဝက်ခေါင်းကိုလည်း သေချာလေး ရှင်းလင်းဖို့ အရေးကြီးတယ်လေ... ခုထိ သူများပြောမှ သိမှာလား? ဒီ အူမကြီးကို ကြည့်ပါဦး... အထဲက အညစ်အကြေးတွေက ပြောင်တောင် မပြောင်ဘူး... ဒါကို လူတွေ ဘယ်လို စားကြမလဲ?!

ဝက်အူမကြီးနှပ်ကို ဝယ်သွားတဲ့ သင်္ဘောကျင်းက အလုပ်သမားလေးက အူမကြီးထဲက ရှောင်ချောင်း ထုတ်လိုက်တဲ့ မည်းမည်းအခဲကြီးကို မြင့်တော့ ရင်ထဲ ဒိန်းခနဲဖြစ်သွားကာ မစားရသေးတာ တော်သေးသည်ဆိုပြီး ဝမ်းသာနေမိတော့တယ်။

ရှောင်ချောင်းက ဆက်၍ ဆိုသည်။

အဘွား... အသားနှပ်ရဲ့ အရောင်ကို ကြည့်ရုံနဲ့တင် ဟင်းခတ်အမွှေးအကြိုင်တွေ ကောင်းကောင်း မသုံးထားဘူးဆိုတာ သိသာတယ်... အဲ့တာကြောင့်လည်း ဝက်အူမကြီးနှပ်ရော ဝက်ခေါင်းသားနှပ်ပါ အရောင်ထွက်မလှတာလေ...ပြီးတော့ အသားနှပ်တော့မယ်ဆိုရင် အရင်ဆုံး မီးပြင်းပြင်းနဲ့ ပြုတ်ပေးရမှာ... နာရီဝက်လောက်နေတော့မှ မီးအေးအေးလေးနဲ့ ပြန်ထည့်ထား...တစ်ခါချက်ရင် တစ်နာရီခွဲလောက် အချိန်ပေးရတယ်... အဲ့တာမှ အရိုးနဲ့အသားနဲ့ကို လက်နဲ့သေချာ နွင်နိုင်မှာ! မီးအပူကိုလည်း သေချာကြည့်ထားပေးမှရမှာ... မီးပူပူနဲ့ ကြာကြာချက်မိသွားရင် ဝက်ခေါင်းက အကျက်လွန်သွားလိမ့်မယ်... အဲ့ဒီတော့ အရသာလည်း ပျက်သွားရော... မီးအရမ်းနည်းလွန်းပြီး ချက်တဲ့အချိန်က ခဏလေးပဲဆိုရင်လည်း ဟင်းရဲ့ အရောင်ရော၊ အနံ့ရော၊ အရသာပါ ကောင်းတော့မှာ မဟုတ်ဘူး.. ဒါကြောင့် ဒါက ဟင်းနှပ်နေတုန်း မီးအပူကို သေချာမချိန်ဆလို့ ဒီလိုဖြစ်လာတာပဲ

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now