အပိုင်း ၄၉ (အတွေးစိတ်ကူးများ)

2.7K 406 13
                                    

[Zawgyi]

" စားကြ စားကြ စားကြ!... သူတို့က ဆေးလည်းသောက် အသားလည်းစားကြတယ်!....ငါတို့က ဘယ်လိုများ အကုန်ထောက်ပံ့နိုင်တယ်လို့ ယူဆနေတာလဲ..ငါက အတော်လေးအိုနေပေမဲ့ ငါရဲ့ အစားအစာတွေ အဝတ်အစားတွေ ခွဲဝေပေးတယ်... ဘယ်သူကများ ငါက ကပ်စေးကုတ်ပြီး ချန်ထားတယ်လို့ တွေးနေတာလဲ... ဘာအကျိုးမှ ပြန်မရဘဲ အရာရာတိုင်းအတွက် ငါက အပြစ်တင်ခံရတယ်!...ငါ....ထာဝရဘုရားသခင်ရေ ရှင် ဒီကအမျိုးသမီးအိုကြီးကို ခေါ်သွားသင့်တယ်.... အမလေး!...ဒါဆို လူတချို့ မျက်စိစပါးမွှေး စူးစရာကနေ ရပ်တန့်နိုင်လိမ့်မယ်..."

အဘွားကြီးကျန်းက အိပ်ယာပေါ်ထိုင်နေရင်း သူမခြေထောက်တွေကိုရိုက်ကာ အသားတွေကို ဆွဲနေသည်။ သူမသည် မရပ်မနားအော်ဟစ်နေသော်လည်း မျက်ရည်တစ်စက်မှတော့ မမြင်ရပါချေ။

ယွီမိသားစုတွင် ဒီလိုသရုပ်ဆောင်တာတွေကို ရက်အနည်းငယ်တိုင်း မြင်ရသည်။ ယွီဟိုင်ကတော့ စိတ်ရောကိုယ်ရော ပင်ပန်းနေပြီး သူမရဲ့ သရုပ်ဆောင်တာတွေနဲ့ လိုက်ကစားဖို့ အင်အားမရှိတော့ပေ။ သူက ဟင်းရည်ခွက်ကို တိတ်တဆိတ် ချထားလိုက်ပြီး ပြန်လှည့်ကာ အခန်းထဲကနေ ထွက်သွားတော့တယ်။ သူနောက်ကျောဘက်မြင်ကွင်းက အထူးသဖြင့် စိတ်ပျက်ဖွယ် ပုံပေါ်နေသည်။

သူထွက်သွားတာနဲ့ အဘွားကြီးကျန်းက သူမရဲ့ အသံစက်ကို ပိတ်လိုက်သလိုပင် ချက်ချင်း တိတ်ဆိတ်သွားသည်။ သူမက မျက်ခုံးကို ပြင်းပြင်းထန်ထန်တွန့်ကာ သူမရဲ့ တြိဂံပုံစံမျက်လုံးက စူးရှစွာ တံခါးကို စိုက်ကြည့်နေသည်။ သူမပါးစပ်ကလည်း မှုန်ကုတ်နေတဲ့ မျက်နှာလို ကွေးလာသည်။

သူမက အဖိုးယွီ သူ့ရဲ့ အသားဟင်းရည်ကို စားပြီးသွားပြီး နောက်တစ်ခွက် ထပ်ဆွဲဖို့လုပ်နေတာကို သတိထားမိသွားသည်။ အမျိုးသမီးအိုကြီးလည်း ပန်းကန်လုံးကို ကတိုက်ကရိုက် ဆွဲယူလိုက်ပြီး အလုတ်ကြီးကြီး စစားလိုက်ပြီး မြန်မြန်မြိုချရင်း အဖိုးယွီကို စကားပြောလိုက်သည်။
သာ့ဟိုင်အဖေ ဒီနေ့ ဘာလို့ ဒုတိယသားက နည်းနည်းစိမ်းနေတယ်လို့ ခံစားနေရတာလဲ....သူ ပုန်ကန်ချင်နေတာလား..

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now