အခန်း၁၀ (လျို့ဝှက်အကြံအစည်)

3.5K 529 0
                                    

[Zawgyi]

အခန်း၁၀ (လျို့ဝှက်အကြံအစည်)

ယွီရှောင်ချောင်း ဒေါသအကြီးအကျယ် ထွက်သွားသည်။

အကြီးဆုံးအရီး ဘယ်သူ့ကို ဖျားချင်ဟန်ဆောင်နေတယ်လို့ စွပ်စွဲလိုက်တာလဲ..ကျမအမေ မနေ့က မေ့လဲသွားတာ မမြင်လိုက်ဘူးလား။ အရီးကသာ ကျန်းမာတဲ့လူ ဖြစ်နေပြီး ဘာလို့ နေမကောင်းတဲ့သူကို ဟိုခိုင်းဒီခိုင်းလုပ်နေရတာလဲ။ ပြီးတော့ ကိုယ့်ကိုယ်ကို မှန်တယ်ထင်နေသေးတယ်အမေ နေမကောင်း တာ အမှန်ဟုတ်,မဟုတ် သိချင်ရင် သမားတော်ယိုကို အိမ်ပင့်လိုက်ပါတော့လား..

အခန်းထဲတွင်ရှိနေသော အဘွားကြီးကျန်းသည် သမားတော်ခေါ်ဖို့ပြောသော ရှောင်ချောင်းရဲ့စကားသံကို ကြားသည့်အခါတွင်တော့ အငြိမ်မနေနိုင်တော့ပေ။

လီကွေ့ဟွားမိန်းမပျင်းမ! ထမင်းချက်ရမယ့်အချိန် ထပျောက်သွားပြီး ခုမှဘဲပေါ်လာတော့တယ်။ စကားများမနေနဲ့ ခုချက်ချင်း မီးဖိုချောင်မှာသွားကူချည်!

သမားတော်ခေါ်ရင် သူ့ပိုက်ဆံတွေကုန်ရမှာပေါ့!

ထို့နောက် အဘွားကြီးကျန်းသည် မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေသော လျိုမုယွမ်ဆီသွားပြီး ခနဲ့တဲ့လေသံဖြင့် နင်မြန်မြန်လုပ်ပြီး ကိုယ့်အခန်းကိုယ်သွားနားတော့ဟိုမှာ နင့်သမီးက နင့်အစားဝင်နာပြနေတယ်

ကိုယ့်အမေကိုယ် မချစ်တဲ့သမီးဆိုလို့ဘယ်မှာရှိမှာလဲ၊ အမေ သွားထိုင်နေ..သမီး ပန်းကန်တွေ ကူသယ်ပေးမယ်
ယွီချိုင်သျဲ့က အခန်းထဲကထွက်လာရင်း ပြောတယ်။ ဤမိသားစုတွင် သူမနဲ့ တတိယသားယွီပေါ်ကသာ အဘွားကြီး၏ဒေါသကို ရပ်တန့်အောင် စွမ်းဆောင်နိုင်သူများဖြစ်သည်။

အဘွားကြီးကျန်း ခေါင်းလှည့်လိုက်သည့်အခါ ယွီဟိုင်နဲ့ကလေးတွေပါလာတဲ့ ပင်လယ်စာတွေကို
မြင်သွားပြီး သူမရဲ့သုန်မှုန်နေတဲ့မျက်နှာက ချက်ချင်းဝင်းပသွားတယ်။

အဲ့တောင်းတွေကို ဒီကိုပေး! တော်တော်လတ်ဆတ်တဲ့ ပင်လယ်စာတွေပဲဒါတွေကို ဒီတစ်ညတော့ အိမ်မှာပဲထားလိုက်အုံး၊ မနက်ကျမှ မင်းရဲ့ အကြီးဆုံးအစ်ကို,ကို မြို့ထဲကစားသောက်ဆိုင်တစ်ခုမှာ ရောင်းခိုင်းလိုက်မယ်

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now