အပိုင်း ၃၄ (ဆေးပညာသင်ယူခြင်း)

3K 459 0
                                    

[Zawgyi]
အပိုင်း ၃၄ (ဆေးပညာသင်ယူခြင်း)

တုန်းရန်ဆေးတိုက်သည် ထန်ကူမြို့မှာ အကြီးဆုံးနဲ့အကျော်ကြားဆုံး ဆေးတိုက်ဖြစ်သည်။ ဆေးတိုက်ပိုင်ရှင် သမားတော်စန်းသည် နန်းဆက်အသီးသီး၏ နန်းတွင်းသမားတော်မျိုးရိုးဆီမှ မွေးဖွားလာသူဖြစ်ပြီး ဆေးပညာအရာမှာ တဖက်ကမ်းခတ် ကျွမ်းကျင်လှသည်။ မင်းနေပြည်တော်က ဂုဏ်သရေရှိ လူကြီးမင်းတွေပင် သူ့ထံလာရောက်၍ ဆေးစစ်ချက်ခံယူကြရသည်။

ဆေးတိုက်ထဲသို့ ယွီရှောင်ချောင်းဝင်သွားတဲ့အခါမှာ ဆံပင်ဖြူမုတ်ဆိတ်မွှေးဖြူတို့နဲ့ ပညာရှိဆန်ဆန် သမားတော်အိုတစ်ယောက်ကို တွေ့ရတယ်။ သူက လူနာတစ်ယောက်ကို ဂရုတစိုက်နဲ့ သွေးခုန်နှုန်း စမ်းသပ်ပေးနေလေတယ်။

[စိတ်စွမ်းအင်တွေ! ဒီမှာ စိတ်စွမ်းအင်တွေ အများကြီးပဲ!]

အံ့ဖွယ်ကျောက်တုံးလေးက ဆေးသေတ္တာတန်းတွေဆီကို အပြေးသွားလိုက်ပြီး စွမ်းအင်အများဆုံးလို့ထင်ရတဲ့ သေတ္တာနားမှာ ရစ်သီရစ်သီလုပ်နေတယ်။

မိန်းကလေး ဘယ်နားကနေမကောင်းဖြစ်လို့လဲ ဆေးဆရာကြီးက လူနာအတွက် လိုအပ်တဲ့ ဆေးညွှန်းစာတွေရေးပေးပြီး သူ့တပည့်ကို ဆေးတွေထုတ်ပေးဖို့ ညွှန်ကြားပြီးနောက်မှာတော့ ယွီရှောင်ချောင်းကို နှုတ်ဆက်လာခဲ့တယ်။

ဖိုးဖိုးကြီး ကျွန်တော့်အမက လွန်ခဲ့တဲ့သုံးလတုန်းက ခေါင်းမှာဒဏ်ရာရပြီး သေတော့မလိုဖြစ်သွားတာ၊ သူနိုးလာတော့ ဘာမှမမှတ်မိတော့ဘူး၊ အဲ့ဒါဖိုးဖိုးကြီး ကျေးဇူးပြုပြီး ကျွန်တော့်အမကို တစ်ချက်ကြည့်ပေးလို့ရမလား ရှီထုန်က စိတ်လှုပ်ရှားတဲ့အသံလေးနဲ့ ဖြေလိုက်တယ်။

ကောင်ငယ်လေးရဲ့ ယဉ်ကျေးချစ်ခင်ဖွယ်ပုံစံလေးကြောင့် သမားတော်စန်းက သာယာစွာပြုံးပြီး ပြောလိုက်တယ် ဒီမှာထိုင် အဘိုး မင်းရဲ့သွေးခုန်နှုန်းကို စမ်းကြည့်ရအောင်

အရင်ကဆို ယွီရှောင်ချောင်းရဲ့ ကျန်းမာရေးက အလွန်စိုးရိမ်ရတဲ့ အခြေအနေမှာရှိခဲ့တယ်။ သူမ,မွေးဖွားပြီးမကြာခင်မှာပဲ ပြင်းထန်တဲ့အဖျားပိုးဝင်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက သူမရဲ့နုနယ်တဲ့ အသက်လေးကို သမားတော်စန်းက ကယ်တင်နိုင်ခဲ့ပေမယ့် ကောင်းမွန်တဲ့ စောင့်ရှောက်မှုတွေ မရှိဘူးဆိုရင် ရှောင်ချောင်းဟာ အသက်ဆယ်နှစ်ကျော်အောင်ပင် နေနိုင်မှာ မဟုတ်ဘူးဟုလည်း အခိုင်အမာပြောကြားခဲ့သည်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now