အပိုင်း ၁၃၃ (ကြမ္မာဖန်သောတွေ့ဆုံမှု)

3.2K 395 2
                                    

[Zawgyi]


ရာသီဥတုက တဖြည်းဖြည်းနဲ့ ပူလာပြီဆိုတော့ အကြာကြီးသိမ်းထားလို့ မကောင်းဘူးနော် ဒီနေ့ ဒီဘဲသားကို တတိယသခင်လေးကျိုးဆီ သွားမြည်းခိုင်းမလို့ သူက ကောင်းတယ်လို့ ထင်ရင် ပူပေါင်းဖို့ အကြောင်း ကျွန်မတို့ ပြောပေးပါ့မယ်

ယွီရှောင်ချောင်းက ယဲ့ယဲ့လေး ပြုံးလိုက်တယ်။

ကောင်းပြီ! ကောင်းပြီ! အရီး မင်းတို့ကို နောက်ထပ် အချိန်မဆွဲတော့ပါဘူး စောစောသွားပြီး စောစောပြန်လာခဲ့နော် ငါသတင်းကောင်းကို စောင့်နေမယ်

အမျိုးသမီးမောက်က ရှောင်ချောင်း လုပ်နည်းအသစ်ကို ဒီလောက် မြန်မြန်ရလာတာကြောင့် တော်တော်လေး အံ့အားသင့်နေမိတယ်။ ကျိန်ရှုံစားသောက်ဆိုင်ပိုင်ရှင်က ရှောင်ချောင်းရဲ့ လုပ်နည်းကို သဘောတွေ့ပြီး သူတို့မိသားစုရဲ့ ရောင်းအားနှေးနေတဲ့ ဘဲတွေကို ဈေးကောင်းကောင်းနဲ့ရောင်းနိုင်ဖို့ သူမ မျှော်လင့်မိတယ်။

ညီအစ်မနှစ်ယောက်က အမျိုးသမီးမောက်ကို နှုတ်ဆက်လိုက်ကြတယ်။ သူတို့က မြည်းကလေးကို ရွာဝင်ပေါက်ဆီသို့ အလျင်အမြန် သွားခိုင်းလိုက်တော့တယ်။

အိုး! မင်းတို့က သာ့ဟိုင်ရဲ့ မိသားစုက အမြွှာညီမနှစ်ယောက်မလား မင်းတို့ ဘယ်သွားကြမလို့လဲ မင်းတို့ မြို့ကိုသွားမှာဆိုရင် ငါ့ကိုပါခေါ်သွားလို့ရလား

ထွက်ပေါ်လာတဲ့ အယောင်ဆောင်သံတစ်ခုက ကြားရုံနဲ့တင် ညီအစ်မ နှစ်ယောက်ကို မသက်မသာ ဖြစ်စေတယ်။

ရှောင်ချောင်း ထိုသူကို သေချာကြည့်လိုက်တော့ အမျိုးသမီးလီနဲ့ တော်တော်လေး ရင်းနှီးတဲ့ အမျိုးသမီးရှုံ ဖြစ်နေလေတယ်။ သူမက သူမရဲ့ နာမည်ပြောင်နဲ့ တော်တော်လေးလိုက်ဖက်လေတယ်။ (ရှုံ Xiong () - ဝက်ဝံလို့ အဓိပ္ပာယ်ရပါတယ်) အမျိုးသမီးရှုံက ကြမ်းတမ်းပုံပေါ်ပြီး ကိုယ်လုံးကိုယ်ပေါက်က တုတ်တုတ်ခိုင်ခိုင်နဲ့ပင်။ အသားညိုပြီး အလွန်လည်း ရိုင်စိုင်းတယ်။ သူမက ဝက်ဝံရိုင်းတစ်ကောင်ထက် တောင် ပိုဆိုးမဲ့ ပုံပင်!

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now