အပိုင်း၅၀ (ပိုက်ဆံလက်ဆောင်)

2.8K 422 0
                                    

[Zawgyi]

ယွီချိုင်သျဲ့က ရှောင်ချောင်းရဲ့ ဆံပင်တွေကိုဖွလိုက်ပြီး အပြုံးတို့ ပိုမိုနက်ရှိုင်းသွားလေတယ်။

မင်း အရီးငယ်ကို အပြစ်မမြင်ရင် ပြီးတာပါပဲ၊ အခု နားလိုက်တော့၊ နောက်နေ့ကျရင်လည်း ကြက်ဥသကြားရည် လာပို့ပေးမယ်

အရီးငယ်လေးရဲ့စရိုက်က ဂျုံနှစ်လိုမျိုး နူးညံ့တယ်။ သူမကို တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ တစ်ယောက်ယောက်ရဲ့လက်ထဲမှာ ခြယ်လှယ်ခံရဖို့ လွယ်ကူတယ်ဆိုတာသိနိုင်တယ်။ အနာဂတ်မှာ သူမတော်စပ်ရမယ့် ယောက္ခမတွေဆီက အနိုင်ကျင့်ခံရနိုင်မလား ဆိုတာကိုတော့ မပြောတတ်ပေ။ အဘွားကြီးကျန်းက ဒီလောက် ဆိုးရွားပြီး ဒေါသကြီးတဲ့စရိုက်ရှိတာကို ဘယ်လိုလုပ်ပြီး ဒီလိုနူးညံ့ သိမ်မွေ့တဲ့ သမီးမျိုးလေးမွေးလာရပါလိမ့်။

ယွီရှောင်ချောင်း စဉ်းစားကြည့်တယ်။ သူတို့တွေ ကလေးလွဲပြီးများ အိမ်ကိုယူလာကြသလား?... အာ ဒီခေတ်မှာ ကလေးမွေးတိုင်း ကိုယ့်အိမ်မှာပဲ ဝမ်းဆွဲသည်နဲ့မွေးတာကို။ ဘယ်လိုလုပ် ကလေးလွဲယူလာစရာ အကြောင်းရှိမှာလဲ၊ ဦးနှောက်ပဲ!

ယွီရှောင်ချောင်းတစ်ယောက် ပျင်းလွန်းလို့ ဒရယ်"အသေးလေး"ကို စနေလိုက်တယ်။ ဒီဒရယ်ပေါက်လေးက တော်တော်တော့ထူးဆန်းတယ်။ သူတို့မွေးထားတာ တစ်လလောက်ရှိနေပြီ။ အစာလည်း ပုံမှန်ကျွေးတဲ့အပြင် အာဟာရရှိအောင်လို့ တခါတခါ အံ့ဖွယ်ကျောက်တုံးရေကိုတောင် တိုက်ပေးသေးတယ်။ ဒါပေမယ့် အရပ်ကလုံးဝရှည်မလာပေ။ အခုထိ သေးသေးလေးနဲ့ ချစ်စရာကောင်းနေတယ်။ သူရဲ့ နဂိုအရွယ်အစားလေးကနေ ကြီးမလာတဲ့အတွက် အကောင်ကြီးလာရင် အသားပေါ်စားမယ်ဆိုတဲ့ တချို့သောလူတွေကတော့ အတော်စိတ်ပျက်နေလေတယ်။

ဘာပဲဖြစ်ဖြစ် အိမ်မွေးတိရစ္ဆာန်လေးအနေနဲ့တော့ ဒီအကောင်သေးသေး ဒရယ်လေးက တစ်စုံတစ်ယောက်ရဲ့ အသည်းနှလုံးတွေ ပွင့်ထွက်ကျလာလောက်အောင် အရမ်းချစ်စရာကောင်းလွန်းတယ်။ ဒါ့အပြင် ဒီအကောင်လေးက အသန့်ကြိုက်ပြီး ဉာဏ်လည်းကောင်းတယ်။ သူက ဘယ်တော့မှ ဒီအခန်းထဲမှာ အညစ်အကြေးစွန့်လေ့မရှိသလို ဒရယ်တွေဆီကရနေကျ ညှီစို့စို့အနံ့မျိုးလည်း မရှိဘူး။ တကယ်တမ်းပြောရရင် မြက်ပင်နံ့ သင်းသင်းလေးတောင် ရနေသေးတယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now