အခန်း ၈၉ (ကျောင်းလခ)

3.6K 463 0
                                    

[Zawgyi]
အခန်း ၈၉ (ကျောင်းလခ)

ညနေခင်းမှာတော့ မိသားစုတစ်ခုလုံးက စားပွဲဝိုင်းမှာ ဝိုင်းထိုင်လိုက်ကြတယ်။ ဒီနေ့အတွက် သူတို့ရဲ့ ရလဒ်တွေကို ပျော်ရွှင်စွာ ပြောရင်း အရသာရှိတဲ့ ငါးခေါင်းနှပ်နဲ့ အနံအရသာနဲ့ ပြည့်စုံတဲ့ ငါးဟင်းရည်ကို စားသောက်နေကြလေတယ်။

"ဒုတိယအစ်မ! စစချင်း ကျွန်တော်တို့ ငါးချဉ်ရောင်းတုန်းကဆိုရင် လူတိုင်းက ငါးတွေကို ကြည့်ရုံဘဲ ကြည့်သွားကြတာ သေးလို့ဆိုပြီး မဝယ်ကြဘူးလေ။ အဲ့ဒါနဲ့ ကျွန်တော်လည်း ငါးသေးသေးလေး တစ်ကောင်ကို ယူပြီး သူတို့ရှေ့မှာ စားပြလိုက်တာ ငါးရဲ့ အရိုးက ကြွပ်ဆက်ပြီး နူးညံ့နေတာမို့ စားလို့ အဆင်ပြေတယ်ဆိုပြီး သူတို့ကို ပြောလိုက်တာ အဲ့ဒီတော့မှ သူတို့က ပိုက်ဆံတွေ ထုတ်ပြီး ဝယ်ကြတော့တာ

ရှီထုန်လေးက ငါးဟင်းရည် ခပ်ကြီးကြီး တစ်လုတ်ကို သောက်လိုက်ပြီး သူ့စိတ်ထဲမှာ တော်တော်လေး ကျေနပ်နေတော့တယ်။ အရင်လတုန်းက ပြောင်းစေ့ကြမ်း ဘိန်းမုန့်က သူ့ရဲ့ ဆာလောင်မှုကို မကျေနပ်နိုင်စေခဲ့ဘူး။ ငါးကို နေ့တိုင်းစားနိုင်တဲ့ ကောင်းမွန်တဲ့ ဘဝမျိုးမှာ သူဘယ်အချိန်မှ နေနိုင်မှာလဲ။

အစတုန်းကတော့ သူတို့အများကြီး မဝယ်ကြလို့ တော်တော်လေး စိတ်ပူနေခဲ့တာ ကံကောင်းလို့ ငါးချဉ်ဝယ်သွားတဲ့သူ အားလုံးက အရမ်း အရသာရှိတယ်ဆိုပြီး သူတို့ တော်တော်များများကလဲ သူတို့ရဲ့ ကလေးတွေ စားဖို့အတွက် နောက်ထပ် လာဝယ်ကြတယ်လေ ဦးလေးဟောင်ဆို တစ်ခါတည်းနဲ့ ငါးပွဲတောင်ဝယ်သွားတာ သူက တစ်ပွဲကို သူ့ဘာသာ စားပြီး ကျန်တာကို အိမ်ပြန်ယူသွားတာ သူက ခုတလော ဆိပ်ကမ်းမှာ လုပ်စရာအလုပ်များများရလို့ သူရတဲ့ငွေတွေကို မိသားစုအတွက် သုံးချင်တာတဲ့ တကယ်လို့ သူသာဒီလို ဈေးချိုပြီး အရသာရှိတဲ့ အစားအစာတွေ အိမ်ပြန်ဝယ်မသွားရင် သူ့ကို အန်တီဟောင်က ပွစိပွစိလုပ် နေမှာတဲ့

ရှီထုန်လေးရဲ့ ကြွပ်ဆတ်ဆတ် အသံက အခန်းတစ်ခုလုံးကို ပြည့်သွားပြီး လူတိုင်းက သူ့ကို ပြုံးလျက် ကြည့်နေကြတယ်။ ပျော်ရွှင်မှုဆိုတာက ဒီလိုမျိုး တကယ်ကို ရိုးရှင်းပါတယ်...
"ငါးအကောင်တစ်ရာကျော်ကို မိနစ်သုံးဆယ်အတွင်းမှာ ရောင်းကုန်သွားတာ တခြား သင်္ဘောကျင်း အလုပ်သမားအုပ်စုရဲ့ ခေါင်းဆောင်လျို့ကောလည်း ငါးပွဲဝယ်သွားတာ အလုပ်ကြပ်စွမ်က နောက်ဆုံးကျန်တဲ့ ငါးချဉ်ကို ရဖို့ သူနဲ့တောင် ရန်ဖြစ်တော့မလို့"

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now