အပိုင်း၅ (မျက်တောင်မခတ်ပဲလိမ်လည်ခြင်း)

3.8K 544 0
                                    

[Zawgyi]

အပိုင်း၅ (မျက်တောင်မခတ်ပဲလိမ်လည်ခြင်း)

နံနက်ခင်းနေရောင်ခြည်ဟာ နွေဦးညဥ့်ကောင်းကင်ယံမှာ တိတ်တဆိတ် ထွန်းလင်းလာခဲ့တယ်။ ခြံဝန်းထဲက ကြက်တွေလည်း စတင်လည်ဆန့်တွန်ကြူးလာကြတယ်။ ယွီရှောင်ချောင်းရဲ့ အမြွှာအစ်မ ယွီရှောင်လျန်တစ်ယောက် တိတ်ဆိတ်စွာနှင့် ကိုယ့်အဝတ်ကိုယ်လဲလိုက်သည်။

ယွီရှောင်ချောင်းက နေ့ခင်းမှာ အချိန်အကြာကြီးအိပ်ထားခဲ့တာကြောင့် သူ့အစ်မရဲ့လှုပ်ရှားမှုလေးကပင် သူ့ကို ချက်ချင်းနိုးထစေခဲ့တယ်။ ရှောင်ချောင်းက သူမမျက်လုံးတွေကိုပွတ်သပ်ပြီး ပြတင်းတံခါးစက္ကူကနေ လှမ်းကြည့်လိုက်တော့ အပြင်မှာ အစောကြီးရှိသေးတာကို သတိထားမိပြီး "ဘာလို့ နံနက်စောစောထရတာလဲ" လို့ရေရွတ်လိုက်တယ်။

ယွီရှောင်လျန်က သမ်းဝေရင်း အဖာအထေးတွေနဲ့ပြည့်နေတဲ့ အပေါ်ဝတ်အင်္ကျီကို ထပ်ဝတ်လိုက်တယ်။ သူမက အိပ်ရာပေါ်မှာအိပ်နေတဲ့ အမျိုးသမီးလျိုကို တစ်ချက်ကြည့်ပြီး

"ငါ့ကြောင့် ညီမလေးနိုးသွားပြီလား အမေ မနေ့ညက ညဥ့်နက်မှအိပ်ရတာလေ..အာ့ကြောင့် ငါအလုပ်ပိုလုပ်ပြီး အမေ့ကို နည်းနည်းထပ်နားခိုင်းရအောင်လို့.. အခုက တော်တော်စောသေးတာမို့ ညီမလေးလည်း ပြန်အိပ်လိုက်ဦးနော်" လို့ တိုးတိုးလေးပြောခဲ့တယ်။

ရှောင်ချောင်းဟာ သေးသွယ်လှတဲ့ ဒီကောင်မလေးရဲ့ နောက်ကျောပြင်ကို ငေးစိုက်ကြည့်နေခဲ့တယ်။ သူမက အသက်ရှစ်နှစ်ပဲရှိသေးတဲ့ ကလေးတစ်ယောက်ဖြစ်တယ်။ ခေတ်သစ်မှာဆိုရင် သူမက မိဘတွေရှေ့မှာ ဆိုးသွမ်းဂျီကျတတ်တဲ့ မူလတန်းကျောင်းသူလေးတစ်ယောက် ဖြစ်နေရမှာ။ ယခုတော့ သူမက ဒီမိသားစုမှာ အဓိကတာဝန်တွေကို ပါဝင်ထမ်းရွက်နေရတဲ့သူတစ်ယောက် ဖြစ်နေပြီ။

ခြံဝန်းထဲမှာတော့ အဘွားကြီးကျန်းက စတင်အော်ဟစ်ကြိမ်းမောင်းနေတော့သည်။

" ဘယ်အချိန်ရှိနေပြီလဲ! ဘာလို့ခုထိ ထမင်းဟင်းစမချက်သေးတာလဲ!... မိသားစုထဲမှာ လူမမာတစ်ယောက်ရှိလို့ မလုပ်နိုင်ဘူးဆိုပြီး တွေးမယ်မကြံကြနဲ့!"

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now