အပိုင်း၁၈၃ - မျက်နှာသာပေးတာ ခံချင်သူ

2.6K 340 2
                                    

[Unicode]

အပိုင်း၁၈၃ - မျက်နှာသာပေးတာ ခံချင်သူ

တုန်ရှန်းရွာရဲ့ လမ်းတွေက အတော်လေးဆိုးရွားတယ်။ အထူးသဖြင့် တောင်ပေါ်လမ်းတွေဆို ခလုတ်ကန်သင်းတွေ ပေါတယ်။ ဟိုဆောင့်ဒီဆောင့်နဲ့ ရှဖူရုန်ခမျာ သူမအူတွေပါ အန်ထွက်မိတော့မလိုတောင် ခံစားရတယ်။ သူမရဲ့စိတ်ထဲမှာတော့ အတော်လေးကို အခဲမကျေဖြစ်နေပြီ။

တကယ်ပဲ ငါ့အဒေါ်က ဘယ်လိုတောင်ဖြစ်သွားတာလဲ။ မြို့ကအိမ်တော်မှာ အေးအေးလူလူ နေလို့ရတာကို ဘာလို့များ ဒီလိုဝေးလံတဲ့ရွာမှာ လာပြီး ဒုက္ခခံနေရတာလဲ! ဒါတွေအားလုံး အဲ့ကောင်မစုတ်ကြောင့်ပဲ... သူသာ ငါ့အဒေါ်ကို ဦးလေးက တုန်ရှန်းရွာမှာပဲ တစ်ချိန်လုံး နေနေတဲ့ ကိစ္စကို မပြောပြရင် ခုနေဆို ငါ့အဒေါ်က မြို့ပေါ်မှာ အခြေချနေပြီး လောက်ပြီ!

အိုက်ယိုး! ရှဖူရုန်တစ်ယောက် သတိတစ်ချက်လွတ်တဲ့အခိုက် သူမခေါင်းဟာ ရထားလုံးရဲ့ ပြတင်းတံခါးနဲ့ ဒိန်းကနဲ ဆောင့်မိပါလေရော။ မိန်းကလေးငယ်လေးက ယောင်ယမ်းနေတဲ့ သူမခေါင်းလေးကိုဖိပြီး အမျိုးသမီးဖန်းကို မျက်ရည်လေး စမ်းတန်းစမ်းတန်းနဲ့ ကြည့်လိုက်တယ်။
အမျိုးသမီးဖန်းဟာ သူမယောကျာ်းနဲ့အတူ လေ့ကျင့်ခဲ့ဖူးတာမို့ ရထားလုံးက ဘယ်လောက်ပဲ လှုပ်ယမ်းနေပါစေ သူမကတော့ မတ်မတ်ထိုင်နေတဲ့ ရုပ်တုတစ်ခုလို မလှုပ်မယှက်။

ယွီရှောင်ချောင်းကတော့ ရထားလုံးယိမ်းရင် ယိမ်းတဲ့ဘက် လိုက်ပြီးပါသွားပေမယ့် ခြေချိတ် ထိုင်ထားတာမို့ သူမကိုယ်သူမ ထိန်းထားနိုင်သလို ရှိတယ်။ သို့ပေသိ သူမရဲ့ခါးကတော့ ဟိုယမ်း ဒီယမ်းနဲ့မို့ အက ကနေသလားတောင် ထင်ရတယ်။

ရှဖူရုန်ရဲ့ ဆောင့်မိတဲ့အသံကိုကြားတော့ ယွီရှောင်ချောင်း သူမဘက် လှည့်ကြည့်ပြီး အပြုံးဖွဖွလေးနဲ့ ပြုံးပြလိုက်တယ်။

ဝမ်းကွဲအစ်မ... ဒီတောင်လမ်းကျော်ရင် တုန်ရှန်းရွာရောက်ပြီ... သတိထားဦးနော်... အဲ့ဒါမှ ဒဏ်ရာထပ်မရတော့မှာ!

ရှဖူရုန်အမြင်မှာတော့ ရှောင်ချောင်းရဲ့ပုံစံဟာ အပြုံးတုနဲ့ သူမကို သရော်နေတယ်လို့ ခံစားရတယ်။ ဒါကြောင့်မို့ သူမခေါင်းပေါ်က အာလူးဘူးသီးလေးကို လက်ကလေးနဲ့အုပ်ပြီး အမျိုးသမီးဖန်းဆီကို ဒေါသတကြီး တိုင်တန်းလိုက်တယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now