အပိုင်း ၁၂၆

3.2K 405 2
                                    

[Zawgyi]

အပိုင်း ၁၂၆

"ထိမ်းမြားဖို့လက်ဆောင်တွေပို့မယ်ဟုတ်လား အဲ့တာနောက်လမှလေ။ ငါတို့ မြေထယ်ထိုးပြီးလို့ အပင်တွေ စိုက်ထားတယ်မဟုတ်ဘူးလား။ အဲ့တာတွေက နောက်လဆို သီးပွင့်တော့မှာကို ဘာလို့ ဒုတိယသားဆီ လာတောင်းနေရတာလဲ။ ဒုတိယမိသားစုအခြေအနေလည်း မင်းမသိတာမဟုတ်ဘူး။ သူ့ရဲ့မိဘတွေအနေနဲ့ မကူညီနိုင်ရင်တောင် ငါတို့က ကံဆိုးမှုတွေ ထပ်ပေးပြီး ကလေးတွေကို ဒုက္ခပေးနေတာမျိုး မလုပ်သင့်ဘူးလေ တစ်ခြားသူတွေ ပြောကြမှာ မကြောက်ဘူးလား"
အဖိုးယွီက ချက်ချင်းပဲ ပြန်တုန့်ပြန်လိုက်တယ်။ သေချာတာပေါ့ အဖို့ယွီက သူမရဲ့ ခွေးစကားတွေကို ယုံနေဦးမယ်။

"သားတစ်ယောက်က မိဘတွေကို မသိတတ်သင့်ဘူးလား။ သူ့မိဘတွေက အစာစားဖို့ မလုံလောက်တဲ့အချိန် သူကျ ကောင်းကောင်းစား ကောင်းကောင်းနေနေတယ်ဆိုပြီး တခြားသူတွေ အတင်းပြောကြမယ်လို့ရော ရှင်မတွေးမိဘူးလား"
အဖွားကြီးကျန်းက သူများကို အဆုံးမရှိ အနှောင့်အယှက်ပေးဖို့ဆို ကျွမ်းကျင်သူလေ။

အဖိုးယွီက မျက်မှောင်ကြုတ်ပြီး ပိုမကျေမနပ် ဖြစ်သွားတယ်
ငါတို့မှာ စားဖို့သောက်ဖို့ ခက်ခဲနေတယ်ဟုတ်လား အရင်ကလို ငါးရောင်းတာကနေ ငွေအများကြီး မရရင်တောင် ငါတို့တစ်မိသားစုလုံး စားဖို့တော့ လုံလောက်တယ်ကွ နောက်ပြီး မင်းမှာလည်း ဟိုငွေတွေအများကြီး ... "

"အဲ့တာ တတိယသားပညာရေးအတွက်! ဘယ်သူမှ ထိခွင့်မရှိဘူး"

အဖွားကြီးကျန်းက သူမသားအငယ်ဆုံးကို တန်ဖိုးအထားဆုံးဖြစ်ပြီး ဘယ်သူကိုမှ ထိခွင့်မပေးနိုင်ပေ။ အဖိုးယွီက သူမစုထားတဲ့ငွေတွေကို ပြောလာတဲ့အခါ သူမကလန့်သွားပြီး ရှောင်ချောင်းအား အပြစ်ရှိသလို မလုံမလဲစိတ်နဲ့ ကြည့်လိုက်တယ်။

အဖိုးယွီက ပို့လိုတောင် ဒေါသပုန်ထသွားပြီး

"ငွေအကြောင်း ပြောလိုက်တိုင်း တတိယသားပညာရေးအတွက် ဆိုတာချည်းပဲ! ဒုတိယသားမိသားစု အိမ်ခွဲသွားကြတာတောင် မင်းက ဒုက္ခပြေးပေးလိုက်သေးတယ် မင်းတော်တော် ဘက်လိုက်တဲ့မိန်းမပဲ"

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now