အပိုင်း ၁၅၁ (တော်ဝင်အမိန့်ပြန်တမ်း)

3K 384 1
                                    

[Zawgyi]


ယွီဟန်က သူ့မျက်လုံးထောင့်မှာ ရွှေရောင်လက်သွားတာကို မြင်လိုက်ရတယ်။ သူ အနားကပ်ကြည့်တော့ သူ့ညီမငယ်လေး မွေးထားတဲ့ အဝါရောင်ကြောင်လေးဖြစ်တာကို သိလိုက်ရတယ်။ ဒီအကောင်လေး ဘယ်ချိန်က ရောက်လာပါလိမ့် အရမ်းမဆင်မခြင်ပြေးနေရင်းနဲ့ ဖရဲပင်ပေါက်တွေကို နင်းခြေမိသွားလောက်လား။ ဒါပေမယ့် ဂရုတစိုက်ကြည့်လိုက်တော့ ကြောင်လေးက လယ်ကွက်ပေါ်မှ ကုန်းရိုးပေါ်ကနေ ရွေးပြေးပြီး နွယ်ပင်နဲ့ အပင်ပေါက်တွေအား လုံးဝမထိတာကို သူ မြင်လိုက်ရတယ်။

ဖရဲသီးစိုက်ခင်းထဲသို့ အံ့ဖွယ်ကျောက်ရေအနည်းငယ်ပါဝင်တဲ့ရေကို ယောက်ချိုတစ်ဇွန်းပြီး တစ်ဇွန်း လောင်းလိုက်တယ်။ ဖရဲပင်ပေါက်တွေက ကြီးထွားလာဖို့ အကောင်းဆုံး ကြိုးစားနေရင်းနဲ့ လေထဲသို့ အရွက်တွေကို ဆွဲဆန့်နေကြတယ်။ ဘယ်သူမှကြည့်မနေတဲ့အခါမှာ ဖရဲသီးသေးသေးလေးတွေက တိတ်တဆိတ် နည်းနည်းချင်း ကြီးထွားလာကြပုံပေါ်တယ်...

မွန်းတည့်ခါနီးတဲ့အခါမှာတော့ သူတို့ ဖရဲစိုက်ခင်း ၃ ခင်းကို ရေလောင်းလို့ ပြီးသွားတယ်။ မောင်နှမ နှစ်ယောက်က ရေပုံးအလွတ်တွေကို သယ်ပြီး သူတို့အိမ်ကို လမ်းလျှောက်ပြန်လာကြတယ်။

သူတို့ အနောက်ဘက်တောင်ခြေကို ရောက်တဲ့အခါ ပုံမှန်လူသူကင်းမဲ့နေတဲ့ ကျောက်နေအိမ်ကို ရွာသားတွေ ဝန်းရံနေတာ သတိထားမိလိုက်တယ်။ ဦးလေးကျောက်ရဲ့မိသားစုက ရွာရဲ့ အဝေးမှာ နေတာကြောင့် ရွာသားတွေနဲ့ အဆက်အဆံလုပ်တာ ရှားတယ်။ သူ့ရဲ့အိမ်က အမြဲတမ်း ငြိမ်းချမ်းပြီး တိတ်ဆိတ်နေတတ်တယ်။ ဒါပေမယ့် ဒီနေ့တော့....

တစ်ခုခုများ ဖြစ်လို့လား။ ရှောင်ချောင်းနဲ့ သူမအကိုက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ကျောက်နေအိမ်သို့ မြန်မြန် ပြေးသွားလိုက်ကြတယ်။ ကျောက်နေအိမ်ရဲ့ကျောက်စရစ်နံရံနားကို ရောက်တော့ ပတ်ဝန်းကျင်မှာ ရွာသားတွေ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြတာကို ကြားလိုက်ရတယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now