အပိုင်း ၁၄၂ (အပြန်လမ်း)

2.9K 379 2
                                    

[Zawgyi]

အပိုင်း ၁၄၂ (အပြန်လမ်း)

အရင်မင်းဆက်ဧကရာဇ်က တကယ့်ခွေးငတုံး! ဆရာက သူ့အပေါ်မှာသစ္စာရှိပြီး အပ်နှံခဲ့ပေမယ့် နောက်ဆုံးတော့ သူ့တပ်သားတွေ လိုက်ဖမ်းတာခံခဲ့ရတယ်! နောက်ဆုံး သူ့ရဲ့လူယုံသတ်လို့ သေခဲ့ရတာ နည်းတောင်နည်းသေးတယ်၊ ဝဋ်ဆိုတာ ဘဝမကူးဘဲ လည်တယ်ဆိုတာ အမှန်ပဲ!!

ဖန်းဇီကျန်းက ဒေါသထွက်စွာပြောလာတယ်။ တကယ်လို့ အရင်မင်းဆက်ဧကရာဇ်ကသာ သူတပါးရဲ့ မှားယွင်းစွဲဆိုချက်တွေကို မယုံခဲ့ရင် သူ့ဆရာက အခက်အခဲတွေအများကြီးကို ဖြတ်ကျော်ခဲ့ရမှာ မဟုတ်သလို သူနဲ့လည်း အချိန်တွေအကြာကြီး အဆက်အသွယ်ပြတ်နေခဲ့မှာ မဟုတ်ဘူး။

ကျောက်ပုဖန်းက ခပ်ပြုံးပြုံးနဲ့ပြောလိုက်တယ်။

ဒါတွေက အတိတ်က အဖြစ်အပျက်တွေပါဗျာ ပြန်မဖော်တာပဲကောင်းတယ်! ဆရာတူအစ်ကို အချိန်လည်း နောက်ကျနေပြီ၊ အရင်ပြန်ပြီး နားလိုက်ပါတော့ ကျွန်တော်တို့ မနက်ဖြန်ကျလည်း တွေ့လို့ရပါတယ်

မင်းနဲ့စကားမပြောရတာ ဘယ်လောက်တောင်ကြာပြီလဲ... ပြီးတော့ ငါ့မှာ မင်းနဲ့ဆွေးနွေးစရာတွေ အများကြီးရှိတယ်! ငါဒီည ဒီကမပြန်တော့ဘူး၊ လီလီ, အခန်းလွတ်တွေ ရှိသေးလားမေးပြီး ငါ့အတွက် တစ်ခန်းယူထားလိုက်၊ ဒီညတော့ ငါ့ရဲ့ဆရာတူညီလေးနဲ့ ဖယောင်းတိုင်ထွန်းပြီးကို စကားပြောမယ်!

ဖန်ဇီကျန်းက အိမ်မက်ထဲရောက်နေသလို ခံစားနေရပြီး အကယ်၍ သူပြန်သွားမယ်ဆိုရင် အိမ်မက်က နိုးထသွားမှာကို စိုးရိမ်နေမိတယ်။

ထိုအချိန်တွင် ယွီရှောင်ချောင်းနဲ့ သူမအဖေတို့က ကိုယ့်အခန်းကိုယ် ပြန်ရောက်ပြီးလို့ တိတ်ဆိတ်စွာ စကားစမြည် ပြောနေကြတယ်။

အဖေ... သမီးလေ အကိုဟန့်ကို စစ်သူကြီးတစ်ယောက်ရဲ့ မျိုးဆက်ဖြစ်လိမ့်မယ်လို့ လုံးဝ ထင်မထားဘူး!

ယွီရှောင်ချောင်းက ဖန်းဇီကျန်းရဲ့စကားတွေကနေ အရေးကြီးဆုံးအပိုင်းတွေကို ထုတ်ဖော်ရရှိခဲ့တယ်; အဘိုးကျောက်ဟာ အရင်မင်းဆက်က မှားယွင်းစွဲချက်တင်ခံရပြီး သေမိန့်ချခံရတဲ့ ဂုဏ်ထူးဆောင် စစ်သူကြီးတစ်ယောက်တဲ့။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now