Chapter 1.1

20.9K 1.4K 22
                                    

(Unicode)

လိပ်ပြာအိပ်မက်

ပိုင်မုက သူ့ကားကို လမ်း‌ပေါ်ကနေ စူပါမားကတ်ကို မောင်းသွားတယ်။  ဒီနေ့က ကျစ်ရွေ့ရဲ့ မွေးနေ့ဖြစ်သလို သူတို့အတူတူနေတာရဲ့ ငါးနှစ်ပြည့်လည်း ဖြစ်တယ်။ အရင်က ကျိုးကျစ်ရွေ့က နှစ်‌တွေတစ်လျှောက် သူရဲ့ကြိုးစားအားထုတ်မှုကို သနားပြီး အဖွဲ့လိုက်ခရီးသွားဖို့ မှတ်ပုံတင်ပေးခဲ့တယ်။  သူက တိတ်တိတ်လေး ‌ခပ်စောစောပြန်လာပြီးတော့ ကျစ်ရွေ့ကို  အံ့အားသင့်စေချင်တာ။ 

  သူ(ကျစ်ရွေ့)သူ့(ပိုင်မု)ကို မြင်သွားတဲ့အချိန် ကျစ်ရွေ့ရဲ့စိတ်‌ကြည်နူးစေမဲ့လက်ဆောင်ကို တွေးမိရင်း ပိုင်မုရဲ့နှုတ်ခမ်းမှာ ချိုမြိန်တဲ့အပြုံးလေးရှိနေပြီးတော့
သူ့ပတ်ဝန်းကျင်က ကမ္ဘာကြီးက ပိုပြီးတောက်ပနေပုံရတယ်။ 

[ခန္ဓာကိုယ်ထဲက ဆဲလ်တွေက ရွေ့လျား‌နေ ပြီး အမည်မသိရတဲ့ မျက်နှာက ဂြိုဟ်သားတွေရဲ့ အာကာသထဲကို ချက်ချင်း လှည့်ထွက်သွားတယ်...] ပိုင်မုရဲ့ ဖုန်းမြည်လာတယ်။

"ဟယ်လို,ဟယ်လို!ဘယ်သူပါလဲ?"ပိုင်မုက ဖုန်းကိုချိတ်ဖို့ Bluetooth headsetကို တပ်လိုက်တယ်,သူ့ရဲ့အသံက အပျော်တွေနဲ့ ပြည့်နှက်နေတာပဲ။

"‌အတန်းဖော်*ပိုင်မု,မင်း ဒီနေ့လက်ထပ်တော့မှာလား?ငါတို့ရဲ့အတန်းဖော်ဟောင်းတွေကလည်းပဲ ပေါင်းဖက်နိုင်ပြီပေါ့လေ"ပိုင်မုရဲ့တက္ကသိုလ်က အတန်းဖော်တစ်ယောက်ဖြစ်တဲ့ ထင်းရိရဲ့အသံက ဖုန်းကနေ ထွက်ပေါ်လာတယ်။*ပိုင်မုက သူတို့ရဲ့အတန်းဖော်groupက ပိုင်မုကိုပေးထားတဲ့ nicknameဖြစ်တယ်။

(T/N-ပိုင်မုနဲ့ပိုင်မုက အသံထွက်တူတူယူထားပေမယ့် Eng translatorက Bai muနဲ့ baimuလို့ ပေါင်းထားတာပါ၊တို့လည်း တရုတ်စာမတတ်တော့မသိပါဘူးಥ‿ಥ၊ဂူးဂူးထရန်စလိတ်က တရုတ်စာလုံးပေါင်းပြတာတော့ အဲ့ဒီbai muနဲ့ baimuက စာလုံးပေါင်းမတူဘူးရယ်)

"ဘယ်သူ့လက်ထပ်ပွဲအကြောင်း မင်းပြောနေတာလဲ"ပိုင်မုက သူနားကြားမှားတယ်ထင်ပြီးတော့ နောက်တစ်ခေါက်ထပ်မေးလိုက်တယ်။

"ကျိုးကျစ်ရွေ့လေ မင်းတို့က ဘောင်းဘီတစ်ထည်တည်းတောင် ၀တ်နိုင်တဲ့ သူငယ်ချင်းကောင်းတွေ မဟုတ်ဘူးလား၊မင်းမသိဘူးပေါ့"ထင်းရိက အံ့ဩသွားတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now