Chapter 8.1

6.6K 1.1K 5
                                    

(Unicode)

ဘာရိုသီး

"လာခဲ့ ကျွန်တော် မင်းကို ဘယ်လိုသုံးရမလဲဆိုတာသင်ပေးမယ်"ပိုင်မုက သူ့(အန်းချီလော့)ရဲ့လက်ကနေ ဓားကို ယူလိုက်ပြီး အတွင်းဘက်က ဓားသွားရဲ့ထက်မြမှုကို ထုတ်ဖော်ဖို့ ကျပ်နေတဲ့ဓားအိမ်ကို ဆွဲထုတ်လိုက်တယ်။ပိုင်မုက နောက်တခေါက်ထပ်ပြလိုက်ပြီး အန်းချီလော့က သူအသားကိုလွယ်လွယ်ကူကူလှီးဖြတ်နေတာကို တောက်ပတဲ့မျက်၀န်းလေးတွေနဲ့ လိုက်ကြည့်နေခဲ့တယ်။

"အကိုကြီးပိုင်မု ကျွန်တော်ကြိုးစားကြည့်မယ်လေ"အန်းချီလော့ကတော့ ကြိုးစားကြည့်ဖို့ စိတ်လှုပ်ရှားနေမိပြီ။

ပိုင်မုကို ဓားကို သူ့(အန်းချီလော့)ကိုပေးလိုက်ပြီး ပြောလိုက်တယ်။"မင်းအကြာကြီးသုံးချင်ရင် ဓားကို အားအများကြီးမသုံးနဲ့ ကျောက်ပြားက *ဓားရဲ့အစွန်း‌တွေကို ပျက်စီးစေလိမ့်မယ်"(T/N-ဓားကိုတုံးစေလိမ့်မယ်)

"အာ ကျွန်တော်ဘယ်လိုလုပ်သင့်လဲ"အန်းချီလော့က ဒီရတနာကို ပျက်စီးစေမိမှာစိုးသွားတယ်။လှီးဖို့ကို အောက်ပြန်ချလိုက်ပြီး ပိုင်မုကို အကူအညီအတွက် ကြည့်နေခဲ့တယ်။

"အဆင်ပြေပါတယ် အားသာအများကြီးမသုံးလိုက်နဲ့ အောက်မှာ သစ်သားပြားတစ်ခု မင်းမှာရှိရင် ပိုကောင်းတယ်"သူတို့ရဲ့အိမ်မှာ ပိုင်မုက သစ်သားပြားကို မမြင်ခဲ့ဘူး။

"မင်းအတွက် ကျွန်တော်ရှာပေးမယ်"သူ ပျဉ်ပြားတစ်ချပ်လိုချင်တယ်လို့ ပိုင်မုက ပြောတာကို သူတို့ရဲ့လှုပ်ရှားမှုတွေကို အာရုံစိုက်နေတဲ့ခဲယ်လ်တစ်က ကြားသွားခဲ့တယ်။ဒါကြောင့် သူက ထရပ်လိုက်ပြီး ၎င်းကိုရှာဖို့ အပြင်ထွက်သွားခဲ့တယ်။

"ခနလေး"ပိုင်မုက ခဲယ်လ်တစ်ကို အော်လိုက်ပြီး ပဟေဠိဖြစ်နေတဲ့အမူအရာနဲ့ သူ့(ခဲယ်လ်တစ်)ကို ရှင်းပြခဲ့တယ်။"ခင်ဗျား အဲ့ဒါကို အခုမရှာနိုင်ဘူး ခင်ဗျားတို့က ခြောက်သွေ့နေတဲ့သစ်သားကို သုံးဖို့လိုတာ တနည်းအားဖြင့် ပြောရရင် သစ်စေးတွေက အသားထဲကို စိမ့်၀င်သွားမှာ အသားရဲ့အရသာက ပြောင်းလဲသွားလိမ့်မယ်"

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now