Chapter 59.1

2.3K 371 3
                                    

Unicode

တိရိစ္ဆာန်သားရေထူထူနဲ့ ပတ်ထားတဲ့ပိုင်မုက ဂူပေါက်ဝမှာ ရပ်နေခဲ့တယ်။အေးစက်တဲ့လေပြင်းတွေ တိုက်ခတ်လာပြီး ကောင်းကင်တစ်ခုလုံးကနှင်းတွေက သူ့အပေါ် ကျဆင်းလာခဲ့တယ်။သူ့ခန္ဓာကိုယ်ကကျုံ့သွားပြီး ဆိုးရွားတဲ့ ရာသီဥတုက ဘောလုံးတစ်လုံးလိုပဲကျုံ့နေချင်အောင် အေးနေသေးတယ်။

"အထဲဝင်လေ အေးနေတယ် မဖျား​စေနဲ့" ခဲယ်လ်တစ်က သူ့နောက်ကိုလျှောက်သွားပြီး သူ့မျက်၀န်းတွေကတော့ စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နှက်နေတယ်။သူက ပိုင်မုရဲ့ကိုယ်ပေါ်က နှင်းပွင့်တွေကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး အေးစက်နေတဲ့လက်တွေကို ဆုပ်ကိုင်ထားဖို့ သူ့လက်ကို ဆန့်ထုတ်လိုက်တယ်။

"အင်း" ပိုင်မုက ခေါင်းညိတ်လိုက်ပြီး ဂူထဲ ခဲယ်လ်တစ် လက်ဆွဲကာ ခေါ်သွားတာကို နာခံစွာနဲ့ လိုက်သွားတယ်။

"နှင်းကျတာရပ်သွားရင် မင်းထပ်လေ့လာလို့ရပါတယ်" မျိုးနွယ်စုကို ပိုမိုကောင်းမွန်အောင်ကာကွယ်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကို တွေးနေရင်းနဲ့ ခဲယ်လ်တစ်က ပတ်၀န်းကျင်ကို ကြည့်နေတယ်။

"ကျွန်တော့်မှာ အကြံတစ်ခုရှိထားပြီးသားပါ နှင်းကျတာရပ်သွားရင် အားလုံးက ကူညီပြီး အကောင်အထည်ဖော်ပေးကြပေါ့"

"ကောင်းပြီ မင်းအရမ်းအပင်ပန်းမခံနေပါနဲ့ ကိုယ့်ကိုကိုယ်လည်း အရမ်းဖိအားမပေးနဲ့"ခဲယ်လ်တစ်က မကြာသေးမီက သူ့ရဲ့အိပ်မက်‌ဆိုးအကြောင်းကို စဉ်းစားနေခဲ့တယ်။ ပိုင်မုအတွက် သူဘယ်လိုလုပ်ရမလဲ။ ဒါပေမယ့် သူ့ကို ကောင်းကောင်းဂရုစိုက်ဝာာကလွဲလို့ ခံစစ်နေရာတွေကို ဒီဇိုင်းဆွဲရာမှာ သူတကယ်ကိုမကူညီနိုင်ပါဘူး။

"ဒီတစ်ခေါက်တော့ အဲ့လိုဖြစ်မှာမဟုတ်ဘူး လူတိုင်းက အခက်အခဲအားလုံးကို ကျော်လွှားနိုင်ဖို့ အားလုံးအတူတူအလုပ်,လုပ်နိုင်တယ်လို့ ကျွန်တော်ယုံကြည်တယ်" ပိုင်မုက  နောက်ပိုင်းမှာ အဲ့ဒါကို အသေအချာ စဉ်းစားခဲ့ပြီး အိပ်မက်ထဲက မြင်ကွင်းက သူ့စိုးရိမ်မှုတွေကို  ထင်ဟပ်စေခဲ့ရုံသာဖြစ်တယ်။ထိုအချိန်ကဖြစ်နေတဲ့အခြေအနေရဲ့ ခွဲခြမ်းစိတ်ဖြာမှုအပေါ်အခြေခံပြီး လူတိုင်းက ခုခံဖို့ရုန်းကန်နေသရွေ့  သားရဲတွေက မထိတ်လန့်ဘဲနေနိုင်မှာမဟုတ်ဘူး။(T/N-သူက အဲ့လိုဖြစ်မှာကို သူ့မသိစိတ်က ကြောက်နေလွန်းတော့ ညရောက်တော့ အိပ်မက်ဆိုးအနေနဲ့ သူ့ရဲ့အကြောက်တရားက ပြန်ပေါ်လာတာ အဲ့လိုမျိုးကို ကျင့်ကြံရေးnovelတွေမှာဆို စိတ်တွင်းမိစ္ဆာဆိုလား အဲ့လိုခေါ်တာ)

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now