Chapter 58.2

2.3K 382 3
                                    

Unicode

Chapter 58.2

"ဘာဖြစ်တာလဲ?" အန်းချီလော့က ဘာဖြစ်နေလဲဆိုတာကိုမသိပေမယ့်လည်း ယဇ်ပလ္လင်ရှိ မီးတောက်မှိန်ဖျော့ဖျော့မီးရောင်ကြားမှ ခဲယ်လ်တစ်ရဲ့စိုးရိမ်သောကရောက်နေတဲ့အကြည့်ကို မြင်လိုက်ရတာကြောင့် စိတ်မပူပဲမနေနိုင်တော့ဘူး။

"ပိုင်မု မြန်မြန်ထလာပါတော့"ခဲယ်လ်တစ်က သူ့ကိုလျစ်လျူရှုလိုက်ပြီး  ပိုင်မုရဲ့နာမည်ကို ထပ်ခါထပ်ခါခေါ်နေခဲ့တယ်။

ပိုင်မုက အခု မီးကင်ခံ‌နေရတယ်လို့  ခံစားနေရပြီး သူ့ပတ်ဝန်းကျင်က သွေးတွေနဲ့ နီရဲနေကာ သူမြင်သမျှအရာအားလုံးက သူ့လူတွေရဲ့ အလောင်းတွေချည်းသာဖြစ်တယ်။ သူက ကြောက်ရွံ့ပြီး စိတ်မသက်မသာဖြစ်နေခဲ့တယ် ။ အဲ့ဒါသူပဲ၊ သူက လူတိုင်းကို ထိခိုက်နစ်နာစေခဲ့တဲ့သူပါ။ သူက စေ့စေ့စပ်စပ် ပြင်ဆင်မှုမလုပ်ဘဲ လူတိုင်းကို သူ့နည်းသူ့ဟန်နဲ့ စုစည်းထားတာကြောင့် ဖြစ်တယ်။အခု ဂူထဲမှာရှိတဲ့ လူအားလုံး သားရဲတွေ စားပစ်တာကိုခံရတဲ့အခါ ရှေ့တန်းမှာ ရန်သူကို သတ်ဖြတ်ခဲ့တဲ့ orcs တွေကို သူဘယ်လိုရှင်းပြရမလဲ။

သွေးလွှမ်းနေတဲ့ကမ္ဘာထဲမှာ သူ တုံ့ဆိုင်းနေတယ်၊ကူကယ်ရာမဲ့ခံစားနေရပြီး ထိတ်လန့်နေတဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က သူ့ကို အဆက်မပြတ်ခေါ်နေတဲ့အသံကို ကြားလိုက်ရတယ်။မျက်လုံးဖွင့်ချင်ပေမယ့်လည်း သူမဖွင့်နိုင်ခဲ့ဘူး။ သူ့ကို ခေါ်တဲ့အသံက ပို,ပိုရှင်းလင်းလာပြီး သူ အသံတစ်သံကြားလိုက်ရတယ်။အဲ့ဒါက ခဲယ်လ်တစ် သူ့ကို ခေါ်နေတာပဲ။ စကားမစပ်၊ ခြံစည်းရိုးက မပြုတ်ကျတဲ့အပြင် အားလုံးလည်း အဆင်ပြေပါတယ်။ သူက အခုအိပ်မက်မက်နေရုံပဲ။

ပိုင်မုက ခဲယ်လ်တစ်ရဲ့ခေါ်သံကြောင့် နောက်ဆုံးမှာ မျက်လုံးဖွင့်လိုက်တယ်။ထိုအချိန်မှာ ဂူထဲ ဖယောင်းတိုင်တွေထွန်းညှိထားပြီးဖယောင်းတိုင်မီးအလင်းရောင်ကြောင့် စိုးရိမ်သောကရောက်နေတဲ့မျက်နှာများစွာကို သူတွေ့လိုက်ရတယ်။ ဒါပေမယ့် သူ့အိပ်မက်ကနေ ခဏလောက် ပြန်မထွက်လာနိုင်သေးတာကြောင့်ကြောင်တောင်တောင်လေး ဖြစ်နေတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now