Chapter 43.2

3K 495 7
                                    

Unicode

"မင်း ပြေး၀င်လာမယ်လို့လည်း ကိုယ်မမျှော်လင့်ထားဘူးလေ" ဘန်ဆွန်က စိတ်ဓာတ်ကျသွားတယ်။ အစက မိန်းမပျိုငယ်လေးက ရပ်သွားလိမ့်မယ်လို့ သူထင်ခဲ့ပြီး အဲဒီ့မြေအကြောင်း မေးဖို့ပဲလုပ်ခဲ့တာ။သူတို့ မျိုးနွယ်စုထဲမှာ သူက မိန်းမပျိုတွေကြားထဲ အရမ်းရေပန်းစားတယ်။ သူဒီကိုရောက်လာတဲ့အခါ ဘာကြောင့် သူ ငြင်းပယ်ခံနေရတာလဲ။

“အခုလောလောဆယ်တော့ ငါ့ကိုနာကျင်စေတာ မင်းပဲလေ၊  ဘာပဲဖြစ်ဖြစ် မင်းမှားတာပဲ" ကေစီရဲ့စကားတွေက  ကျိုးကြောင်းဆီလျော်မှုမရှိနေဘူး။ ဒီလူက ကျောက်တုံးလို မာကျောပြီး သူ့ကို နာကျင်စေတယ်။ သူ့ရဲ့သနားစရာကောင်းလှတဲ့ နှာတံက မကျိုးလောက်သေးဘူးမလား။ သေလောက်အောင်နာနေတယ်။

"တောင်းပန်ပါတယ် မင်းကိုတောင်းပန်လို့ရမလား" ဘန်ဆွန်က တကယ်ထင်သွားတယ်၊ သူသိပ်မခံစားလိုက်ရပေမယ့်  တစ်ဖက်လူကတော့ အရမ်းနာကျင်လွန်းလို့ ငိုတောင်ငိုသွားပြီ။ Orc တစ်ယောက်အနေနဲ့ မိန်းမပျိုတွေကို ဂရုစိုက်သင့်တယ်။ ငယ်စဉ်ကတည်းက သူ့ရဲ့သားရဲအဖေက မိန်းမပျိုတစ်ယောက်ကို အမျိုးသမီးတစ်ယောက်အဖြစ် ဘယ်လိုဆက်ဆံရမလဲဆိုတာကို သင်ပေးခဲ့တာ။ ဂရုစိုက်ဖို့ပဲ မွေးဖွားလာတဲ့ orcs တွေအတွက်ကတော့ သူတို့က မိန်းမပျိုလေးတွေကို ဂရုတစိုက်ကာကွယ်ပေးရပါမယ်။

"မရဘူး" ကေစီက မျက်၀န်းတွေထဲ လှည့်ဖြားချင်တဲ့ အရိပ်အယောင်တွေနဲ့ သူ့မျက်လုံးတွေကို လှိမ့်လိုက်တယ်။ ဒီလူက အမှားကို ဝန်ခံတတ်တဲ့ စိတ်ထားကောင်းရှိပြီး ရုပ်ရည်ချောမောကာ သူ့ မျက်လုံးထဲ ၀င်နိုင်တဲ့သူဆိုတာကို သူသိတယ်။ တကယ်တော့ သူ သိပ်စိတ်မဆိုးပါဘူး။ ဒါပေမယ့် မနေ့က  အစ်ကိုကြီးပိုင်မုက သူ့မှာအကြံတစ်ခုရှိပြီး ငါးသေးသေးလေးတွေ အများကြီးလိုနေတဲ့အကြောင်းပြောနေတာကို သူကြားခဲ့တယ်။ 

"ဒါဆို ဘယ်လိုလုပ်မှ ခွင့်လွှတ်နိုင်မှာလဲ" ဘန်ဆွန်က သူ့စိတ်ထဲကနေ သက်ပြင်းချလိုက်တယ်။ဒါက ခြင်္သေ့တောင်ပံမျိုးနွယ်စုရဲ့ မိန်းမပျိုလေးမလား။ ခြင်္သေ့တောင်ပံမျိုးနွယ်စုက ညီအစ်ကိုတွေရဲ့ဘ၀က  တကယ်ကို ခက်ခဲမှာပဲ။ ဒါပေမယ့် ဒီမိန်းမပျို‌လေးက တကယ့်ကိုကြည့်ကောင်းပြီး သူတို့မျိုးနွယ်စုမှာ လှပတဲ့မိန်းမပျိုလေးရှိကြတာပဲ။ သူတို့မျိုးနွယ်စုမှာ တော့ တစ်ယောက်လား နှစ်ယောက်လားပဲ ရှိတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now